ဖျော်ဖြေရေးလုပ်ငန်းအပေါ် တရုတ်အစိုးရ၏ ထိန်းချုပ်မှုများ

By The HK Post
16 January 2022
ဖျော်ဖြေရေးလုပ်ငန်းအပေါ် တရုတ်အစိုးရ၏ ထိန်းချုပ်မှုများ

တရုတ်နိုင်ငံရှိ ဖျော်ဖြေရေးလုပ်ငန်းသည် စည်းမျဉ်းပြောင်းလဲမှု အများအပြားနှင့် ရင်ဆိုင်နေရသည်။

ဖျော်ဖြေရေးလုပ်ငန်း၏ ကျင့်ဝတ်သိက္ခာ ထိန်းသိမ်းမှုပိုင်းဆိုင်ရာ အကြောင်းအရာခေါင်းစဉ်ဖြင့် အစည်းအဝေးတစ်ခုကို ပေကျင်း၌၂၀၂၁ ခုနှစ် စက်တင်ဘာလက ကျင်းပခဲ့သည်။ ကွန်မြူနစ် အကြီးတန်းခေါင်းဆောင်များ အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး ထင်ရှားကျော်ကြားသူများအတွက် အပြုအမူပိုင်းဆိုင်ရာစည်းမျဉ်းများ ချမှတ်ခဲ့သည်။

ရေဒီယို၊ ရုပ်မြင်သံကြားနှင့် အွန်လိုင်းဖျော်ဖြေရေးကဏ္ဍမှ အဖွဲ့ဝင်များအား မိသားစုကျင့်ဝတ်နှင့် လူမှုရေးကျင့်ဝတ်များကို လိုက်နာရန် ညွှန်ကြားခဲ့သည်။ အစွန်းရောက် တစ်ကိုယ်ကောင်းဆန်မှုနှင့် ငွေကြေးကိုးကွယ်မှုဆိုင်ရာ အယူအဆများကို သတိရှိရှိ ဆန့်ကျင်ရန်နှင့် အောက်တန်းကျသော မြည်းစမ်းမှုများကိုလည်း စွန့်လွှတ်ရန်လည်း အမိန့်ပေးခဲ့သည်။

မကြာသေးမီက တရုတ်အာဏာပိုင်များသည် မျက်နှာသစ်များပါဝင်ဖျော်ဖြေနို်ငသည့် ရုပ်သံအစီအစဉ်များကို ပိတ်ပင်ခဲ့ပြီး လူမှုကွန်ရက်ပေါ်တွင်လည်း ပရိသတ်များကို ကန့်သတ်လိုက်သည်။ အာဏာပိုင်များက အွန်လိုင်းတွင်ထင်ပေါ်ကျော်ကြားသူအချို့ကို အဆင့်အတန်းမရှိသူများအဖြစ် သတ်မှတ်ခဲ့သည်။

ဖျော်ဖြေရေးနယ်ပယ်မှ အနုပညာရှင်များ၏ အခွန်ရှောင်မှုအပေါ် နိုင်ငံတော်အကောက်ခွန်စီမံခန့်ခွဲရေးက ပြင်းပြင်းထန်ထန် ဒဏ်ရိုက်ခဲ့သည်။

အိမ်ခြံမြေအခွန်နှင့် အမွေဆက်ခံပစ္စည်းများအပေါ် အခွန်များ ချမှတ်ရန် နှစ်အတော်ကြာ ဆွေးနွေးခဲ့ကြသော်လည်း အကောင်အထည်မဖော်နိုင်သေးပေ။ ၂၀၁၁ ခုနှစ်၌ ရှန်ဟိုင်းနှင့် ချုံကျင်းတို့တွင် ရှေ့ပြေးအိမ်ခြံမြေအခွန်အစီအစဉ်များကို အကောင်အထည်ဖော်ခဲ့သော်လည်း တိုးတက်မှု အနည်းငယ်သာရှိခဲ့သည်။

သို့သော် အဆိုပါ ကန့်သတ်ချက်များသည် ပြည်သူများကြောင့် ဖြစ်သော တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို အနှောင့်အယှက်ဖြစ်စေနိုင်သဖြင့် ရင်းနှီးမြုပ်နှံသူများက ယင်း အခြေအနေကို စိုးရိမ်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly