တရုတ်က အရှေ့တောင်အာရှ၌ ကာကွယ်ရေးသဘောတူညီချက်များကို အင်တိုက်အားတိုက်လုပ်ဆောင်နေ

တရုတ်က အရှေ့တောင်အာရှ၌ ကာကွယ်ရေးသဘောတူညီချက်များကို အင်တိုက်အားတိုက်လုပ်ဆောင်နေ

တရုတ်နိုင်ငံသည် အိန္ဒိယအတွက် လုံခြုံရေး စိန်ခေါ်မှုတစ်ခုအဖြစ် ပေါ်ထွက်လာနိုင်သည့် အရှေ့တောင်အာရှရှိကာကွယ်ရေးကဏ္ဍတွင် ၎င်း၏နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း China Electronic&Technological Corporation International (CETCI) မှတစ်ဆင့် ခြေရာကိုချဲ့ထွင်ရန် ကြိုးပမ်းနေသည်။ CETCI သည် ကာကွယ်ရေးနှင့် ထောက်လှမ်းရေးဆိုင်ရာနည်းပညာနှင့် လူမှု်မီဒီယာ စီမံခန့်ခွဲမှုစနစ်များအပါအဝင် စျေးကွက်ရှာဖွေရေးနှင့် ထုတ်လုပ်မှုဆိုင်ရာ အဆောက်အအုံများ တည်ထောင်ရန် အရှေ့တောင်အာရှရှိ ကုမ္ပဏီများနှင့် ညှိနှိုင်းဆောင်ရွက်ရာတွင် ရှေ့တန်းမှ ဦးဆောင်နေသည်။ ပြီးခဲ့သည့်နိုဝင်ဘာလတွင် CETCI သည် အရှေ့တောင်အာရှဈေးကွက်ကို မျက်စိကျလျက် အီလက်ထရွန်းနစ်စစ်ပွဲအတွက် ၎င်း၏ Electronic Intelligence Equipment (ELINT) ကို စျေးကွက်တင်ရန် အစီအစဉ်များ မိတ်ဆက်ခဲ့သည်။

ကုမ္ပဏီသည် အရှေ့တောင်အာရှ စျေးကွက်အတွက် ဒရုန်းများနှင့် ဆက်စပ်နည်းပညာကို တိုးမြှင့်လုပ်ဆောင်လိုကြောင်း The Economic Times မှ သိရှိထားသည်။

ထို့ပြင် CETCI သည် အရှေ့တောင်အာရှရှိ ၎င်း၏ National Firewall System (NFS) နှင့် National Social Media Engagement System (NSMES) တို့ကို စျေးကွက်ချဲ့ထွင်ခြင်းအပေါ်လည်း အာရုံစိုက်နေနေသည်။ အရည်အသွေးပိုင်းဆိုင်ရာ ပြဿနာများရှိနေသော်လည်း တရုတ်ကာကွယ်ရေးပစ္စည်းကိရိယာများသည် ပြိုင်ဆိုင်မှုရှိသောစျေးနှုန်း၊ ပြုပြင်ထိန်းသိမ်းမှုနှင့် နည်းပညာလွှဲပြောင်းမှု၊ စွက်ဖက်မှုကင်းသောမူဝါဒ၊ အမေရိကန်နှင့် အနောက်နိုင်ငံများနှင့်မတူဘဲ သတ်မှတ်ချက်များကို ရှောင်ရှားခြင်းစသည့်အချက်များကြောင့် အရှေ့တောင်အာရှတွင် ၎င်း၏စျေးကွက်ဝေစုကို တိုးမြှင့်နိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly