မွန်ဂိုလီးယားနှင့် တောင်ပိုင်းအိမ်နီးချင်းနိုင်ငံ ဆက်ဆံရေး

By The HK Post
16 January 2022
မွန်ဂိုလီးယားနှင့် တောင်ပိုင်းအိမ်နီးချင်းနိုင်ငံ ဆက်ဆံရေး

တရုတ်က သူချမှတ်လိုက်သည့် စည်းမျဉ်းများကိုလက်ခံလာစေရေးအတွက် အခြားအဖွဲ့အစည်းများကို ဖိအားပေးရန် စီးပွားရေးလက်နက်ကို အသုံးပြုနေကြောင်း သိထားကြပြီဖြစ်သည်။ အကောက်ခွန်ရှင်းလင်း ခြင်းများကို နှောင့်နှေးရန် သို့မဟုတ် ၎င်း၏ဩဇာသက်ရောက်စေရေး နယ်စပ်စခန်းများကို ပိတ်ရန်နှင့် အိမ်နီးချင်းနိုင်ငံများအပေါ် လုံးဝထိန်းချုပ်ခြင်းတို့သည် တရုတ်၏ လုပ်နေကျပုံစံဖြစ်သည်။

လတ်တလော ဥပမာတစ်ခုမှာ မွန်ဂိုလီးယားဖြစ်သည်။

အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (IMAR) တွင် ကိုဗစ်-၁၉ ဖြစ်ပွားမှု တိုးမြင့်လာခြင်းကို အကြောင်းပြလျက် မွန်ဂိုလီးယား-တရုတ်နယ်စပ်တစ်လျှောက် သယ်ယူပို့ဆောင်ရေးအတွက် ဖြတ်သန်းသွားလာမှုကို တရုတ်အာဏာပိုင်များက မကြာသေးမီက ကန့်သတ်ခဲ့ရာ အကျိုးဆက်အနေဖြင့် မွန်ဂိုလီးယားသည် ကုန်ပစ္စည်းတင်ပို့သည့် လုပ်ငန်းစဉ်များ ပြတ်တောက်ခြင်း၊ ကုန်စည်ပြတ်လပ်မှုနှင့် ငွေကြေးဖောင်းပွမှုမြင့်မားပြီး ၎င်း၏ပို့ကုန်နှင့် ဝင်ငွေအပေါ် သိသိသာသာ သက်ရောက်မှုရှိလာခဲ့သည်။

တရုတ်သည် မွန်ဂိုလီးယား၏ ကိစ္စရေးရာများကိုထိန်းချုပ်ခွင့်ရရှိရန် နယ်စပ်များပိတ်ခြင်းအားဖြင့် စီးပွားရေးအရ ဖိအားပေးခြင်းအပါအဝင် ကွဲပြားခြားနားသော နည်းဗျူဟာများကို အသုံးပြု၍ ဗုဒ္ဓဘာသာအသိုင်းအဝိုင်းကိုသာမက နိုင်ငံရေးဦးဆောင်မှုနှင့် အစိုးရကိုလည်း သြဇာလွှမ်းမိုးရန် ကြိုးပမ်းနေသလိုရှိသည်။

တရုတ်၏ ရက်စက်ယုတ်မာမှုများကို မီးမောင်းထိုးပြရန် အတွင်းမွန်ဂိုလီးယားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (IMAR) ရှိ မွန်ဂိုလီးယား တက်ကြွလှုပ်ရှားသူများသည် လူမှုမီဒီယာအကောင့် 'New World Wechat Group' ကို ဖန်တီးခဲ့သည်။ တရုတ်အာဏာပိုင်များသည် IMAR တွင် တရုတ်ဘာသာစကားမြှင့်တင်မှုအား ဆန့်ကျင်မှုမှန်သမျှကို ဖိနှိပ်ရန် လူမှု မီဒီယာဝဘ်ဆိုဒ်အားလုံးကို အစောပိုင်းက ပိတ်ဆို့ခဲ့သည်။

ထို့ပြင်၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် IMAR မှ မွန်ဂိုလီးယား တက်ကြွလှုပ်ရှားသူများသည် အူလန်ဘာတာ၊ တိုကျို၊ နယူးယောက်နှင့် အခြားနေရာများတွင်လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် ချီတက်ဆန္ဒပြပွဲ ပြုလုပ်ခဲ့ပြီး “တောင်မွန်ဂိုလီးယားကို လွတ်မြောက်ခွင့်ပေး၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေရပ်၊ ပေကျင်းအိုလံပစ်ကို သပိတ်မှောက်ကြ” စသည်တို့ကို ကြွေးကြော်ခဲ့ကြသည်။

မွန်ဂိုလီးယားအုပ်စုများသည် သက်ဆိုင်ရာအသိုက်အဝန်း၏ ယဉ်ကျေးမှုနယ်မြေတွင် တရုတ်၏ဝင်ရောက်စွက်ဖက်မှုကို တိုက်ခိုက်ရေး အားကောင်းစေရန် အခြားသောလူနည်းစုများဖြစ်သည့် ဝီဂါ၊ တိဗက်လူမျိုးများနှင့် စုစည်းကာအတူ လုပ်ဆောင်သင့်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly