အိန္ဒိယ-တရုတ် နယ်စပ်အငြင်းပွားမှုကို အမေရိကန်က အနီးကပ် စောင့်ကြည့်နေ

အိန္ဒိယ-တရုတ် နယ်စပ်အငြင်းပွားမှုကို အမေရိကန်က အနီးကပ် စောင့်ကြည့်နေ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ အစိုးရအဖွဲ့သည် အိန္ဒိယ-တရုတ် နယ်နိမိတ် အငြင်းပွားမှုကို အနီးကပ် စောင့်ကြည့်နေကြောင်း အိမ်ဖြူတော်သတင်းပြန်ကြားရေးဝန်ကြီး ဂျင်ပါစကီက ဇန်နဝါရီ ၁၁ရက် တွင် ပြောကြားခဲ့ပြီး အိမ်နီးနားချင်းများကို ခြိမ်းခြောက်ရန် တရုတ်၏ ကြိုးပမ်းမှုအပေါ် အမေရိကန်က စိုးရိမ်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

“ကောင်းပါပြီ။ ကျွန်တော်တို့က အခြေအနေကို အနီးကပ် စောင့်ကြည့်နေပါတယ်။ နယ်စပ်အငြင်းပွားမှုတွေကို တွေ့ဆုံဆွေးနွေးရေးနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းရေးကို ဆက်လက် ထောက်ခံပါတယ်။

ကမ္ဘာတစ်ဝန်းရှိ ဒေသတွေမှာ တရုတ်ရဲ့ အပြုအမူအပေါ် မိမိတို့ မည်ကဲ့သို့ရှုမြင်သည်ကို ရှင်းလင်းစွာ သိထားပြီးဖြစ်ပါတယ်။ ဒါက မတည်မငြိမ်ဖြစ်စေနိုင်တယ်ဆိုတာကို ယုံကြည်ထားပြီး အိမ်နီးနားချင်းနိုင်ငံတွေကို ခြိမ်းခြောက်ဖို့ တရုတ်နိုင်ငံရဲ့ ကြိုးပမ်းမှုအပေါ် ကျွန်တော်တို့က စိုးရိမ်ပါတယ်။ အဲဒီအပေါ်မှာ ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေနဲ့ ဆက်ပြီး ရပ်တည်သွားမှာပါ” ဟု ဂျင်ပါစကီက သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် အိန္ဒိယ-တရုတ် နယ်စပ် အငြင်းပွားမှုဆိုင်ရာ မေးခွန်းကို ဖြေကြားစဉ် ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

ယင်းသည် လာဒက်ချ်အရှေ့ပိုင်းတွင် တင်းမာမှုကို ဖြေရှင်းရန် အိန္ဒိယနှင့် တရုတ်တို့အကြား ၁၄ ကြိမ်မြောက် ဆွေးနွေးပွဲမတိုင်မီ ယင်းပြောကြားချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အိန္ဒိယနှင့် တရုတ်တို့သည် ၃လကြာပြီးနောက် ဇန်နဝါရီ ၁၂ ရက်တွင် တပ်မှူးအဆင့် ဆွေးနွေးပွဲကို ကျင်းပခဲ့သည်။

အိန္ဒိယနှင့် ဟိမဝန္တာနယ်ခြား နယ်နိမိတ်မျဉ်းအနီးတွင် တရုတ်၏ စစ်ရေးတည်ဆောက်မှုအပေါ် အမေရိကန်ကာကွယ်ရေးဌာနက စိုးရိမ်ကြောင်း ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလတွင် ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly