တရုတ်ထုတ် တိုက်လေယာဉ်များကို ပါကစ္စတန် သံသယဖြစ်နေ

By ANI 12
15 January 2022
တရုတ်ထုတ် တိုက်လေယာဉ်များကို ပါကစ္စတန် သံသယဖြစ်နေ

တရုတ်၏ ခေတ်မီ လေယာဉ်သည် ကမ္ဘာတွင် အကောင်းဆုံးဖြစ်ကြောင်း အစိုးရမီဒီယာက ဖော်ပြနေသော်လည်း ပါကစ္စတန်နှင့် တရုတ်တို့ပူးပေါင်းထုတ်လုပ်ထားသည့် JF-17 ဂျက်တိုက်လေယာဉ်များနှင့် ပတ်သက်၍ ပါကစ္စတန်က စိုးရိမ်ပူပန်လျက်ရှိသည်။

ရုရှား Su-30MKI သို့မဟုတ် ပြင်သစ်ထုတ် Mirage 2000 ကဲ့သို့သော တန်ဖိုးနည်း ပေါ့ပါးပြီး ရာသီဥတုမရွေး ဘက်စုံသုံးနိုင်သော တိုက်လေယာဉ်တစ်စင်းဖြစ်စေရန် ပါကစ္စတန်ခေါင်းဆောင်များက မျှော်လင့်ထားသော်လည်း လက်တွေ့တွင် ၎င်းတို့၏ မျှော်လင့်ချက်များ ပျက်ပြားသွားခဲ့ရကြောင်း Taiwan News သတင်းတွင် ဖော်ပြထားသည်။

တရုတ်နှင့် ပါကစ္စတန်တို့သည် JF-17 တိုက်လေယာဉ်ကို ပူးပေါင်းထုတ်လုပ်ရန်သဘောတူညီချက်ကို ၁၉၉၉ ခုနှစ်တွင် လက်မှတ်ရေးထိုးလိုက်ခဲ့ပြီးနောက် Su-30 MKI၊ Mig-29 နှင့် Mirage-2000 တို့နှင့် ယှဉ်နိုင်သော တိုက်ခိုက်ရေးဂျက်လေယာဉ်အဖြစ် မြှောက်ပင့်သတ်မှတ်ခဲ့ကြသည်။

လက်တွေ့တွင် ပါကစ္စတန်လေတပ်သည် သည် ဝမ်းနည်းကြေကွဲဖွယ်ရာများသာတွေ့ကြုံရပြီး တရုတ်မှ ကြွားဝါသော ပြောဆိုမှုများနှင့် မနီးစပ်ကြောင်း Daily Sun က ဖော်ပြခဲ့သည်။

ပါကစ္စတန်တွင် အစုလိုက်အပြုံလိုက်ထုတ်လုပ်သည့် JF-17 Thunder (Block III) ၏ ပထမဆုံးပုံများသည် မကြာသေးမီရက်များအတွင်း ထွက်ပေါ်လာခဲ့သည်။

ဒီဇိုင်းအသစ်သည် အစောပိုင်း JF-17 မော်ဒယ်များနှင့် မတူဘဲ ပုံစံတစ်မျိုးဖြင့် ထုတ်လုပ်ရန်ရန် မျှော်လင့်ထား သော်လည်း အဆင့်မြှင့်တင်မှုအပိုင်းနှင့် ပတ်သက်၍ မေးခွန်းများ ထွက်ပေါ်လာသည်။

၂၀ဝ၉ခုနှစ်တွင် JF-17 လုပ်ငန်းလည်ပတ်မှု စတင်ချိန်မှစ၍ မကြာခဏ ပျက်ကျသည့် ပြဿနာရှိနေခဲ့သည်။

၂၀၁၂ခုနှစ်တွင် ပါကစ္စတန်မီဒီယာက ၁၈လအတွင်းပျက်ကျမှု ၁၂ ကြိမ်ကိုမှတ်တမ်းတင်ခဲ့ပြီး ထိုအထဲတွင် JF-17 အမြောက်အမြားပါဝင်ခဲ့သည်ဟု Taiwan News သတင်းကဖော်ပြခဲ့သည်။

၂၀၂၀ပြည့်နှစ် သြဂုတ်လကအ သစ်တည်ဆောက်ထားသော ရှေ့နောက်ထိုင်ခုံပါသည့် မော်ဒယ်သည် တည်ဆောက် ပြီး တစ်နှစ်အကြာတွင် လေယာဉ်ပျံသန်းချိန် ၉၆ နာရီသာရှိသေးချိန်တွင် ပျက်ကျခဲ့ကြောင်း ပါကစ္စတန် သတင်းစာ Dawn က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly