တရုတ်၏ တောင်တရုတ်ပင်လယ်အရေးဆိုင်ရာ အစီရင်ခံစာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်

တရုတ်၏ တောင်တရုတ်ပင်လယ်အရေးဆိုင်ရာ အစီရင်ခံစာ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်

မဟာဗျူဟာအရ အရေးပါသည့် ဒေသတွင် တရုတ်၏ အခိုင်အမာတောင်းဆိုချက် အများအပြားကို စိန်ခေါ်သည့် တောင်တရုတ်ပင်လယ်အရေး လေ့လာချက်အစီရင်ခံစာကို အမေရိကန်နိုင်ငံခြားရေးဌာနက ဇန်နဝါရီလ ၁၃ရက်တွင် ထုတ်ပြန်လိုက်သည်။

အမေရိကန်နိုင်ငံခြားရေးဌာန၏ ပင်လယ်ပြင်ကို ကန့်သတ်ခြင်း အမည်ရသည့် လေ့လာမှုများသည် နိုင်ငံတကာဥပဒေနှင့် အညီ အမျိုးသား ရေပိုင်နက် ဆိုင်ရာ တောင်းဆိုမှုများနှင့် နယ်နိမိတ်များကို ဆန်းစစ်အကဲဖြတ်သည့် ကာလရှည်ကြာစွာကတည်းက ရှိခဲ့သည့် တရားဥပဒေနှင့် နည်းပညာဆိုင်ရာ လုပ်ငန်းစဉ်တစ်ခုဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မကြာသေးမီက လေ့လာမှုဖြစ်သည့် ပင်လယ်ပြင်ကို ကန့်သတ်ခြင်း လုပ်ငန်းစဉ်၏ အပုဒ် ၁၅၀တွင် တရားမဝင် သမိုင်းဝင်အခွင့်အရေးတောင်းဆိုမှုအပါအဝင် တောင်တရုတ်ပင်လယ်အများစုကို တရုတ်၏ ဥပဒေမဲ့ပင်လယ်ပြင်ပိုင်ဆိုင်ခွင့်တောင်းဆိုမှုများသည် တရားမျှတမှုမရှိဟု ကောက်ချက်ချထားသည်။

၂၀၁၄ခုနှစ်မှ စတင်ကာ တရုတ်နိုင်ငံသည် တောင်တရုတ်ပင်လယ်၏ ကျယ်ပြန့်သော အစိတ် အပိုင်းများကို ဆက်လက်အခိုင်အမာ တောင်းဆိုခဲ့ပြီး ယင်းတို့အားလုံးသည် ၁၉၈၂ ခုနှစ် ပင်လယ်ဥပဒေ ကွန်ဗင်းရှင်းအရ နိုင်ငံတကာဥပဒေများနှင့် မကိုက်ညီသော်လည်း ၎င်း၏ ရေပိုင်နက် နှင့် အစွန်အဖျား သန္တာကျောက်တန်းများ ဟူ၍ အခိုင်အမာ ပြောဆိုထားသည်။

ယခုနောက်ဆုံးထွက်ရှိထားသည့် လေ့လာမှုနှင့်အတူ အမေရိကန်က တရုတ်၏ ပင်လယ်ရေပိုင်နက်ဆိုင်ရာ တောင်းဆိုမှုများကို နိုင်ငံတကာဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ ၂၀၁၆ခုနှစ် ဇူလိုင် ၁၂ ရက် တောင်တရုတ်ပင်လယ်ဆိုင်ရာ အနုညာတခုံရုံး၏ ဆုံးဖြတ်ချက်ကို လိုက်နာရန်၊ တောင်တရုတ်ပင်လယ်တွင် တရားမဝင် အကျပ်ကိုင်လှုပ်ရှားမှုများကို ရပ်တန့်ရန် အမေရိကန်က တရုတ်ကို ထပ်မံတောင်းဆိုလိုက်သည်ဟု နိုင်ငံခြားရေးဌာန၏ သတင်းထုတ်ပြန်ချက်ကို ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly