တရုတ်စစ်လေယာဉ် ၅ စင်း ထိုင်ဝမ် လေကြောင်း ကာကွယ်ရေးသတ်မှတ်ဇုန်အတွင်းသို့ ဝင်ရောက်

By ANI12
15 January 2022
တရုတ်စစ်လေယာဉ် ၅ စင်း ထိုင်ဝမ် လေကြောင်း ကာကွယ်ရေးသတ်မှတ်ဇုန်အတွင်းသို့ ဝင်ရောက်

တရုတ်စစ်လေယာဉ် ၅ စင်းသည် ထိုင်ဝမ်၏ လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန် (ADIZ) အတွင်းသို့ ဇန်နဝါရီလ ၁၂ရက်တွင် ဝင်ရောက်ခဲ့ရာ ယခုလအတွင်း ၉ ကြိမ်မြောက် ကျူးကျော်ဝင်ရောက်မှုဖြစ်ကြောင်း ဒေသတွင်းမီဒီယာများက ဖော်ပြခဲ့သည်။

တရုတ်လေတပ်မှ Shenyang J-16 တိုက်လေယာဉ် ၄ စင်းနှင့် Shaanxi Y-8 ရေငုပ်သင်္ဘောတိုက်ဖျက်ရေး စစ်လေယာဉ် ၁ စင်းတို့သည် ADIZ ဇုန်၏ အနောက်တောင် ထောင့်သို့ ပျံသန်းခဲ့ကြောင်း ထိုင်ဝမ်အမျိုးသား ကာကွယ်ရေးဝန်ကြီးဌာန (MND) ကို ကိုးကား၍ Taiwan news သတင်းက ဖော်ပြသည်။

ထိုင်ဝမ်က လေယာဉ်များ ပြန်လည်စေလွှတ်ကာ ရေဒီယိုသတိပေးချက်များ ထုတ်ပြန်ခဲ့သလို တရုတ် လေယာဉ်များကို ခြေရာခံရန် လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်များ ချထားခဲ့ကြောင်းလည်း Taiwan news သတင်းတွင် ရေးသားထားသည်။

ဇန်နဝါရီလအတွင်း ထိုင်ဝမ်၏ သတ်မှတ်ဇုန်အတွင်း၌ တရုတ်လေယာဉ် စုစုပေါင်း ၃၅ စင်းကို တွေ့ရှိထားပြီး တိုက်လေယာဉ် ၂၃ စင်းနှင့် ကင်းထောက်လေယာဉ် ၁၂ စင်းတို့ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required