တာချီလိတ် ရဲစခန်းအနီး ပေါက်ကွဲမှုဖြစ်

တာချီလိတ် ရဲစခန်းအနီး ပေါက်ကွဲမှုဖြစ်

ဇန်နဝါရီ ၁၄

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ် တာချီလိတ် ရဲစခန်းအနီး ယနေ့ ဇန်နဝါရီလ ၁၄ ရက် နေ့လယ် ၁၁ နာရီ ခန့်တွင် ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ခဲ့ကြောင်း ဒေသခံများထံက သိရသည်။

"ရဲစခန်း အနောက်နားက လာတယ် အသံက။ နှစ်ချက် ဝုန်းခနဲပဲ။ အဲ့ဒီလမ်းဘက်က သူတို့ (စစ်ကောင်စီတပ်သား) တွေနဲ့ ပြည့်နေလို့တော့ သေချာ သွားမကြည့်ရသေးဘူး " ဟု ဒေသခံက ပြောသည်။

ပေါက်ကွဲမှု နောက်ဆက်တွဲ ထိခိုက် သေဆုံးမှုနှင့် ပျက်စီးမှု အခြေအနေများကိုမူ ထပ်မံ မသိရသေးပေ။

ယခု ပေါက်ကွဲမူသည် တာချီလိတ်မြို့၌ ဇန်နဝါရီလအတွင်း တတိယအကြိမ် ပေါက်ကွဲမှု ဖြစ်ပြီး စစ်ကောင်စီခန့် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းလာရောက်သည့် ခရီးစဥ်တွင် ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့သည်။

တာချီလိတ်မြို့ တွင်း၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ လုံခြုံရေးတင်းကျပ်စွာ စစ်ဆေးလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly