အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြိတ်မြို့သို့ ရောက်ရှိနေဟုဆို

By ကိုရွှေမြိတ်
14 January 2022
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မြိတ်မြို့သို့ ရောက်ရှိနေဟုဆို

ဇန်နဝါရီ ၁၄

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အဖွဲ့သည် ယမန်နေ့ ညပိုင်းက မြိတ်ကျွန်းစု ရေတပ်စခန်းဌာနချုပ်သို့ ရောက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် အာဏာသိမ်း စစ်ခေါင်းဆောင် အဖွဲ့သည် ကျွန်းစုမြို့နယ် ရေတပ်စခန်းဌာနချုပ်သို့ ရောက်ရှိနေသည်ဟု သတင်းများ ထွက်ပေါ်ပြီးနောက် ယနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့တွင် မြိတ်တစ်ဖက်ကမ်းရှိ ပင်လယ်ပြင်တွင် စစ်ရေယာဉ်များ လုံခြုံရေးချ ကင်းလှည့်နေသည့်အပြင် မြိတ်မြို့ပေါ်တွင် စစ်ကောင်စီ တပ်သားများဖြင့် လုံခြုံရေး အင်အား အများအပြားချထားသည်ဟု မြို့ခံများထံမှ သိရသည်။

ထိုအပြင် ၎င်း၏မြိတ်ခရီးစဉ်တွင် မြို့ပေါ် ရပ်ကွက် တချို့ နေအိမ် အနီးနှင့် လူသူ မရှိသည့် နေရာများတွင် ယမန်နေ့က သက်ဆိုင်ရာ စစ်ကောင်စီအဖွဲ့မှ မျက်ကွယ်ရှိနေသည့် ခြုံပုန်းများကို ရှင်းလင်းထားရန် မြို့ခံများကို လိုက်လံ နိုးဆော် အသိပေးထားကြောင်း ဒေသခံများထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required