တရုတ်၏ စာရွက်စာတမ်းအတုများကြောင့် ဘင်္ဂလားဒေ့ရှ်အတွက် ကြီးမားသော ဆုံးရှုံးမှုများ ကြုံတွေ့နေ

တရုတ်၏ စာရွက်စာတမ်းအတုများကြောင့် ဘင်္ဂလားဒေ့ရှ်အတွက် ကြီးမားသော ဆုံးရှုံးမှုများ ကြုံတွေ့နေ

တရုတ်ကုမ္ပဏီ အချို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၌ စာရွက်စာတမ်းအတုများ ပုံနှိပ်ခြင်းနှင့် ပံ့ပိုးပေးခြင်းတို့တွင် ပါဝင်ပတ်သက်ခြင်းကြောင့် တိုင်းပြည်ဘဏ္ဍာအတွက် ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်ပေါ်စေသည်။

ယင်းကဲ့သို့ တရားမဝင်သော လှုပ်ရှားမှုများတွင် တရုတ်ကုမ္ပဏီများ ပါဝင်ပတ်သက်နေခြင်းကို ဘင်္ဂလားဒေ့ရှ် ဆိပ်ကမ်းအာဏာပိုင်များက သံသယရှိသော်လည်း အကြီးတန်းအရာရှိများ၏ ဖိအားပေးမှုကြောင့် အရေးယူရန် တွန့်ဆုတ်နေပုံရသည်ဟု ဘင်္ဂလားဒေ့ရှ် Live News တွင် ဖော်ပြထားသည်။

မကြာသေးမီနှစ်များအတွင်း အတုအပနှင့် ခိုးကူးကုန်ပစ္စည်းများ ကုန်သွယ်မှု မြင့်တက်လာခဲ့ပြီး ကမ္ဘာ့ ကုန်သွယ်မှု၏ ၃ ဒသမ ၅ ရာခိုင်နှုန်းခန့်ရှိသည်ဟု OECD မှ ခန့်မှန်းထားသည်။

ကမ္ဘာ့အကောက်ခွန်အဖွဲ့ကြီး၏ ခန့်မှန်းချက်အရ တစ်ကမ္ဘာလုံးတွင် အတုအပ တင်ပို့မှုအားလုံး၏ ၆၅ ရာခိုင်နှုန်းသည် တရုတ်ပြည်မကြီးမှ လာခြင်းဖြစ်သည်ဟု ခန့်မှန်းထားသည်။

အမှတ်တံဆိပ်များနှင့် မူပိုင်ခွင့်များကို ချိုးဖောက်သည့် ကုန်ပစ္စည်းအတုများ ရောင်းဝယ် ဖောက်ကားခြင်းသည် ကုမ္ပဏီများနှင့် အစိုးရများကို နစ်နာစေပြီး အုပ်စုဖွဲ့ဂိုဏ်းများအတွက် အမြတ်ငွေများ ဖန်တီးပေးသည်ဟု OECD က ထုတ်ပြန်ထားသည်။

တရုတ်ကုမ္ပဏီများသည် နာမည်ကျော်အမှတ်တံဆိပ်ထုတ်ကုန်များကို အတုလုပ်ခြင်းကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည်။

နိုင်ငံစုံကုမ္ပဏီများနှင့် ချမ်းသာသူများ၏ အခွန်ရှောင်မှုကြောင့် ဘင်္ဂလားဒေ့ရှ်သည် နှစ်စဉ်အခွန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၄၃ ဒသမ ၉၆ သန်း ဆုံးရှုံးနေကြောင်း Global Alliance for Tax Justice မှ ထုတ်ပြန်ထားသည်။

သိသာထင်ရှားသည့် ဖြစ်ရပ်တစ်ခုမှာ စစ်တကောင်းတွင် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းတစ်ခု ဖမ်းမိပြီးနောက် လိမ်လည်မှုဆိုင်ရာ စာရွက်များလုပ်သည့် တရုတ်ကုမ္ပဏီက ယင်း၏ ဝက်ဘ်ဆိုဒ်ကို ဖြုတ်ချခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly