ရက္ခိုင့်တပ်တော်က လူထုရဲ့ စက်နဲ့ စပါးတွေ ဖျက်ဆီးတယ်ဆိုတဲ့ သတင်းမှားဖြန့်

ရက္ခိုင့်တပ်တော်က လူထုရဲ့ စက်နဲ့ စပါးတွေ ဖျက်ဆီးတယ်ဆိုတဲ့ သတင်းမှားဖြန့်

ဇန္နဝါရီလ ၁၁ ရက်

မြောက်ဦးမြို့နယ် ထိပ်၀ပြင်ကျေးရွာက ဒေသခံတွေရဲ့ စပါးရိတ်သိမ်းတဲ့ စက်တွေနဲ့ စပါးတွေကို ရက္ခိုင့်တပ် တော် ULA/AA က မီးရှို့ဖျက်ဆီးခဲ့တယ်ဆိုတဲ့ သတင်းတစ်ပုဒ်ကို Arakan Anonymous Reporters Network ဆိုတဲ့ Facebook စာမျက်နှာက ဇန္နဝါရီလ ၅ ရက်နေ့က ရေးတင်ထားတာကို တွေ့ရပါတယ်။

Arakan Anonymous Reporters Network Facebook စာမျက်နှာက “ငွေကြေးပေးဆောင်မှု နည်းပါး၍ စပါး ရိတ် သိမ်းခြွေလှေ့စက်နှင့် စပါးများကို ULA/AA မှ မီးရှို့ဖျက်ဆီး” ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းကို ရေးသားထား တာဖြစ်ပြီး အဲဒီအထဲမှာဆိုရင် မြောက်ဦးမှာ စပါးရိတ်တဲ့စက် မီးရှို့ခံရတဲ့ဖြစ်စဉ်အပြင် ဘူးသီးတောင်၊ ကျောက် ဖြူ၊ မင်းပြား ၊ ပေါက်တော စတဲ့မြို့တွေက ကျေးရွာတွေမှာ စပါးတွေ မီးရှို့ခံရတဲ့ အကြောင်းတွေကိုလည်း ရေး သားထားပါတယ်။

Arakan Anonymous Reporters Network Facebook စာမျက်နှာရဲ့ မူရင်းရေးသားချက်ထဲမှာ “ULA/AA နှင့် ဗမာ စစ်တပ်တို့အကြား နှစ်ဖက်ညှိနှိုင်းမှုကြောင့် အပစ်ရပ်ထားသည့်ကာလတွင် ပြည်သူများအနေဖြင့် လုံခြုံရေး အရ ယုံကြည်စိတ်ချရသဖြင့် လယ်ယာစိုက်ပျိုးခဲ့ကြပြီး စပါးရင့်မှည့် ရိတ်သိမ်းချိန်တွင် စပါးရိတ်သိမ်း ခြွေ လှေ့စက်ကို တဧက ငွေကျပ် ၆၀၀၀၀ ဖြင့် ငှါးရမ်းရိတ်သိမ်းခဲ့ကြသည်။ ထိုစပါး ရိတ်သိမ်းသည့် စက်ပိုင်ရှင်ထံ မှ တဧကလျှင် ငွေကျပ် ၆၅၀၀ ကို ULA ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များမှ ကောက်ခံရာ ငွေကြေး အပြည့်အဝ မရရှိသဖြင့် မြောက်ဦးမြို့ ထိပ်ဝပြင်ကျေးရွာတွင် စပါးရိတ်သိမ်းခြွေ လှေ့စက်နှစ်လုံးအား မြောင်းဘွေကျေး ရွာရှိ ULA/AA လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့နှင့် လက်နက်ကိုင်တပ်ဖွဲ့ ပူးပေါင်း မီးရှို့ခဲ့ပြီး စပါးရိတ်သိမ်း ခြွေလှေ့ စက် နှစ်လုံးအား စောင့်ကြပ်ကြည့်ရှုသူ နှစ်ဦးမှာလည်း ပျောက်ဆုံးနေကြောင်း အမည်မဖော်လိုသူ ဒေသခံတဦး မှပြောသည်” ဆိုပြီး ရေးသားထားပါတယ်။ 

အဆိုပါ ရေးသားမှုဟာ သတင်းအမှား တစ်ခုသာ ဖြစ်ပါတယ်။

ပထမအချက်အနေနဲ့တော့ ဒီရေးသားမှုဟာ ရခိုင် သတင်းဌာနတွေရဲ့ ရေးသားမှုနဲ့ ကွဲလွဲနေပါတယ်။ မြောက်ဦး ထိပ်ဝပြင်ရွာက စပါးရိတ်စက် ၂ လုံး မီးရှို့ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရခိုင်သတင်းဌာန နိရဥ္စရာ က ရေးထားတဲ့ သတင်းကို ဒီမှာ https://bit.ly/3HSJQSl ဝင်ကြည့်လို့ရပါတယ်။

ဒါ့အပြင် စပါးတွေ မီးရှို့ခံရတဲ့ ဖြစ်စဉ်တွေကို ကြည့်မယ်ဆိုရင်လည်း ညဖက်မှာ မီးလာရှို့တာ ဖြစ်တဲ့အတွက် ဘယ်သူ ဘယ်ဝါက လာလုပ်သွားတာလဲ ဆိုတာကို မသိရဘူးလို့ ဒေသခံတွေက ရခိုင် အခြေစိုက် သတင်းဌာန တွေကို ပြောထားကြပါတယ်။

မင်းပြားတွင် မွတ်ဆလင် လယ်သမားတစ်ဦးပိုင်ဆိုင်သည့် ကောက်လိုင်းစည်းပေါင်း ၁၀၀၀ ကျော် မီးရှို့ခံရတဲ့  ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရခိုင်သတင်းဌာန Western News က ရေးထားတဲ့ သတင်းဌာနကို ဒီမှာ https://bit.ly/34v0s4c တွေ့နိုင်ပါတယ်။

နောက်တချက်အနေနဲ့ကတော့ အခုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ရက္ခိုင့်တပ်တော် ULA/AA က ဒီဇင်ဘာလ အတွင်းမှာ လူမျိုးရေး ပဋိပက္ခကို ဦး တည်စေနိုင်တဲ့ ဖြစ်စဉ်တွေ ဆက်တိုက် တွေ့နေရတဲ့အတွက် ဆင်ခြင်သတိထားဖို့  ဒီဇင်ဘာလ ၁၇ ရက်နေ့က ထုတ်ပြန်ထားချက်နဲ့ ကိုက်ညီနေလို့ပဲ ဖြစ်ပါတယ်။

အဲ့ဒီထုတ်ပြန်ချက်ထဲမှာဆိုရင် ဒီဇင်ဘာလ ၇ ရက်နေ့ကနေ ၁၄ ရက်နေ့အတွင်း ဖြစ်ပွားခဲ့တဲ့  မြောက်ဦးမြို့နယ်၊ ထိပ်၀ပြင်ကျေးရွာအတွင်း စပါးရိတ်သိမ်း ခြွေလှည့်စက် ၂ လုံးကို ရည်ရွယ်ချက် ရှိရှိ ညည့်အချိန် မီးရှို့ဖျက်ဆီး ခဲ့တဲ့ ဖြစ်စဉ်၊မြောက်ဦးမြို့နယ် လောင်းကြက်ရွာနားတွင် ရိတ်သိမ်းပြီး စုပုံထားတဲ့ စပါး

စည်း(ကောက်လှိုင်း စည်း) တွေကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့တဲ့ ဖြစ်စဉ်၊ ကျောက်တော်မြို့နယ် တောင်ဘွယ်ကျေးရွာနားမှာ ရခိုင်အမျိုးသမီးတစ်ဦးကို မူဆင်လင် ၂ ဦးက မုဒိမ်းကျင့်ရန် ကြံစည်အားထုတ်မှု ဖြစ်စဉ်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် ညသန်းခေါင်အချိန်မှာ ဂွမြို့ ၊ ရွာမရပ်ကွက် မင်္ဂလာလမ်းရှိ မူလတန်း (လွန်) ကျောင်းကို မီးရှို့ခဲ့တဲ့ ဖြစ် စဉ်နဲ့ ကျောက်ဖြူမြို့နယ် စည်မော်ကျေးရွာရှိ လယ်သမား ၃ ဦး ပိုင်ဆိုင်တဲ့ ရိတ်သိမ်းပြီးစ စပါးတွေကို ရည်ရွယ် ချက်ရှိရှိ မီးရှို့ဖျက်ဆီးခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ တခြား ဖြစ်စဉ် တချို့လည်း ရှိတယ်လို့ ULA/AA က ထုတ်ပြန်ထားပါတယ်။

အဲဒီဖြစ်စဉ်တွေဟာ  မွတ်ဆလင်ကျေးရွာနှင့် ရခိုင်ကျေးရွာတွေမှာ တပြိုင်နက်တည်း ရှေ့ဆင့်နောက်ဆင့် ဖြစ် ပွားလာတာကို တွေ့ရတဲ့အတွက် ဒေသတွင်း လူမျိုးရေး ပဋိပက္ခတွေကို တမင်တကာ ဖန်တီးပြီး မတည်ငြိမ်မှု တွေကို ရည်ရွယ် ချက်ရှိရှိ လုပ်ဆောင်နေတယ်လို့ ULA/AA က သုံးသပ်ထားပါတယ်။ 
ULA/AA သတင်းထုတ်ပြန်ချက်ကို ဒီမှာ https://bit.ly/33gXPT3 ဝင်ဖတ်လို့ရပါတယ်။

ဒီထုတ်ပြန်ချက်အရ ULA/AA က လုပ်ဆောင်ခဲ့တာ မဟုတ်သလို လုပ်ဆောင်တဲ့ သူတွေကိုလည်း ဖမ်းဆီး အရေး ယူပေးဖို့ ဒေသခံတွေက ULA/AA ကို သွားရောက် တိုင်ကြားထားတယ်ဆိုပြီး ရခိုင်အခြေစိုက် သတင်းဌာနတွေက လည်း ဒေသခံတွေကို မေးမြန်းပြီး သတင်းရေးသားထားတာကို တွေ့ရပါတယ်။

ဒါကြောင့် ဒေသခံတွေက သတင်းဌာနတွေကို ပြောဆိုထားတဲ့ ပြောဆိုချက်နဲ့ ULA/AA က ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်နဲ့ ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာနတွေရဲ့ သတင်းတွေအရ  စစ်ဆေးကြည့်လိုက်တဲ့အခါမှာ Arakan Anonymous Reporters Network ဆိုတဲ့ Facebook စာမျက်နှာက ရေးတင်ထားတဲ့ သတင်းဟာ သတင်း အမှားတစ်ခုဖြစ်တယ်ဆိုတာကို စိစစ်တွေ့ရှိရပါတယ်။ 

လက်ရှိမှာ ဆိုရင် သတင်းအမှားဖြန့်ဝေသူတွေဟာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ နဲ့ ပါတ်သက်တဲ့ သတင်းအမှား၊ NUG ၊ CRPH ၊ PDF နဲ့ ပတ်သက်တဲ့ သတင်းအမှား၊ နိုင်ငံခေါင်းဆောင်တွေ၊ နာ မည်ကြီး ထင်ပေါ်ကျော်ကြားသူတွေနဲ့ ပတ်သက်တဲ့ သတင်းအမှားတွေ အပြင် လူတစ်မျိုးနဲ့ တစ်မျိုး မုန်းတီး အောင်၊ လူမျိုးရေး ပဋိပက္ခကို ဖြစ်စေတဲ့ ပြောဆိုရေးသားမှုတွေကို ရည်ရွယ်ချက်ရှိရှိ ရေးသားဖြန့်ဝေနေတာကို တွေ့ရပါတယ်။

လက်ရှိကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ သတင်းတု/သတင်းမှားတွေကို ရုပ်သံပုံစံမျိုးရော၊ အွန်လိုင်း သတင်းရေးသားမှုပုံစံမျိုးရော နှစ်မျိုးစလုံးနဲ့ သူတို့ကြိုက်သလို ဖန်တီးရေးသားပြီးတော့ လူမှုကွန်ရက် အစုံကို‌ အသုံးပြုကာ ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

ဒါကြောင့် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ်ပြီး/ကြည့်ပြီး/ နားထောင်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့် ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာတိုက်စစ်ပြီးမှ ထပ် ဆင့်ဖြန့်ဝေဖို့ လိုပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required