ပါကစ္စတန်၏ ငွေကြေးဖောင်းပွမှုနှုန်း ဒီဇင်ဘာတွင် ၁၂ ရာခိုင်နှုန်းကျော် မြင့်တက်ပြီး ၂၁ လ အတွင်း အမြင့်ဆုံးဖြစ်ခဲ့

ပါကစ္စတန်၏ ငွေကြေးဖောင်းပွမှုနှုန်း ဒီဇင်ဘာတွင် ၁၂ ရာခိုင်နှုန်းကျော် မြင့်တက်ပြီး ၂၁ လ အတွင်း အမြင့်ဆုံးဖြစ်ခဲ့

ပါကစ္စတန်နိုင်ငံတွင် ဒီဇင်ဘာလက စားသုံးကုန် တန်ဖိုးများသည် ဆက်လက် မြင့်တက်ခဲ့ပြီး ငွေကြေး ဖောင်းပွမှုနှုန်းက ၁၁ ဒသမ ၅ ရာခိုင်နှုန်းကနေ ၁၂ ဒသမ ၃ ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့ခြင်းသည် ၂၁ လတာ အတွင်း အမြင့်ဆုံး ဖြစ်ကြောင်း ပါကစ္စတန် စာရင်းအင်းဗျူရို (PBS) က ဇန်နဝါရီ ၁ ရက်တွင် ထုတ်ပြန်သည့် ဒေတာအချက်အလက်များကို ကိုးကားပြီး ပြည်တွင်း မီဒီယာက ဖော်ပြသည်။

စားသုံးသူဈေးဆနှုန်း (CPI) ဖြင့် တိုင်းတာသည့် ငွေကြေးဖောင်းပွမှုက ၂၁ လ အတွင်း ယင်း၏ အမြင့်ဆုံး အဆင့်ကို မြင့်တက်ခဲ့ပြီး ယင်းသို့ မြင့်တက်ခြင်းကို ကမ္ဘာလုံးဆိုင်ရာ ရေနံဈေးနှုန်းများ စံချိန်တင်မြင့်တက်မှုက တွန်းပို့နေပြီး အစောပိုင်း တိုးတက်မှုများကို လျော့ပါးစေခဲ့ကြောင်း Dawn က ဖော်ပြသည်။

မကြာသေးခင်က ရေနံဈေးနှုန်းများ မြင့်တက်မှုက နိုင်ငံ၏ သမိုင်းတွင် အမြင့်မားဆုံး ဖြစ်ခဲ့ပြီး သယ်ယူပို့ဆောင်ရေး စရိတ်စကများ ပိုမိုမြင့်တက်မှုကြောင့် စားသောက်ကုန်ပစ္စည်းများ၏ တန်ဖိုးပိုင်းကို မြင့်တက်စေဖွယ် ရှိသည်ဟု ပါကစ္စတန် သတင်းစာက ဖော်ပြသည်။

နိုင်ငံတွင် ပြီးခဲ့သည့် လများအတွင်း ငွေကြေးဖောင်းပွမှု တစ်နှစ်ထက် တစ်နှစ် မြင့်တက်ခြင်းသည် အဓိက အားဖြင့် လောင်စာ ဈေးနှုန်းများ ၊ လျှပ်စစ်၊ အိမ်ငှားရမ်းခ၊ သယ်ယူပို့ဆောင်မှုနှင့် ပျက်စီး ပုပ်သိုးမလွယ်သည့် စားဖွယ်ပစ္စည်းများ မြင့်တက်မှုနှင့် အဓိက ပတ်သက်နေသည်။

စားသောက်ကုန်ဈေးနှုန်း မြင့်တက်မှုက မြို့ပြဧရိယာများတွင် ဆက်လက် ဖြစ်ပွားနေပြီး ဒီဇင်ဘာလက နှစ်အလိုက်အားဖြင့် ၁၁ ဒသမ ၇ ရာခိုင်နှုန်းကို တက်ခဲ့သည်။ လအလိုက်အားဖြင့် ၂ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု Dawn က ဖော်ပြသည်။ ကျေးလက်ဧရိယာများတွင်လည်း ဈေးနှုန်းများ မြင့်တက်မှုသည် နှစ်အလိုက် အခြေခံအားဖြင့် ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး လအလိုက် အခြေခံအားဖြင့် ၃ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်ဟု သိရသည်။

ကျေးလက်ဧရိယာများတွင် စားကုန် မဟုတ်သည့် ပစ္စည်းများ ကုန်ဈေးနှုန်း တက်မှုက မြို့ပြဧရိယာများတွင်ထက် ပိုမို မြင့်မားနေခဲ့ပြီး ယင်းက ပုံမှန်အားဖြင့် မြို့ပြဧရိယာများတွင် ပိုမို မြင့်မားသော ကုန်ဈေးနှုန်းမြင့်တက်မှုကို တွေ့ကြုံထားခဲ့ရသည့် လားရာတစ်ခုနှင့် ဆန့်ကျင်ဘက်ဖြစ်နေကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly