တရုတ်အစိုးရ၏ ကိုဗစ် လုံးဝမကူးစက်ရေး တင်းကျပ်သည့် ထိန်းချုပ်မှုများကြောင့် ပြည်သူများ ဒုက္ခ ကြုံတွေ့နေ

တရုတ်အစိုးရ၏ ကိုဗစ် လုံးဝမကူးစက်ရေး တင်းကျပ်သည့် ထိန်းချုပ်မှုများကြောင့် ပြည်သူများ ဒုက္ခ ကြုံတွေ့နေ

ဆောင်းရာသီအိုလံပစ်ပွဲတော်ကို ပေကျင်းမြို့တွင် ကျင်းပရန်တစ်လသာလိုတော့သော်လည်း တရုတ်တွင် ကိုဗစ်-၁၉ ရောဂါ မြင့်တက်မှုကို ထိန်းချုပ်နိုင်ခြင်းမရှိသည့်အတွက် တစ်ကမ္ဘာလုံးက အပြစ်မတင်ရေး တရုတ်က ပြင်းပြင်းထန်ထန် လုပ်ဆောင်နေသည်။

တရုတ်အစိုးရက အားကစားပွဲတော် စတင်ချိန်တွင် နိုင်ငံတွင်း၌ ဗိုင်းရပ်စ်ကူးစက်မှု လုံးဝမရှိစေလိုပေ။

၂၀၂၀ ပြည့်နှစ်မှ စတင်ကာ အင်အားသုံး အကောင်အထည်ဖော်နေသည့် ကိုဗစ်ဖြစ်ပွားမှုကို လုံးဝ လက်မခံသောမူဝါဒသည် ဖရိုဖရဲစဖြစ်နေပြီး သန်းနှင့်ချီသော ပြည်သူများကို စိတ်ပျက်နာကြည်းစေကာ စားနပ်ရိက္ခာနှင့် မရှိမဖြစ် လိုအပ် သော ထောက်ပံ့မှုများ ပြတ်လပ်သွားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံသားများအတွက် နှစ်သစ်ကို တင်းမာသောအခြေအနေဖြင့် စတင်လိုက်ပြီဖြစ် သည်။ ပါတီက လုံးဝသည်းမခံနိုင်သည့် အရာတစ်ခုမှာ ကိုဗစ်ဗိုင်းရပ်စ်ထိန်းချုပ်နိုင်စွမ်းနှင့် ပတ်သက်ပြီး အနောက်နိုင်ငံများ၏ ဝေဖန်မှုအသစ်များဖြစ်ကြောင်း အမေရိကန်က ဆိုသည်။

အစိုးရ၏ အတင်းအကျပ် ပိတ်ဆို့အရေးယူမှုများအောက်တွင် ပြည်သူများသည် သားကောင် မဖြစ်ချင်တော့ပေ။

စစ်သည်တော်ရုပ်များကြောင့် ထင်ရှားသည့် ရှီအန်မြို့တွင် ရောဂါ ကူးစက်မှု အဆိုးရွားဆုံး ဖြစ်နေသည်။

၂၀၂၀ပြည့်နှစ်အစောပိုင်းတွင် ဝူဟန်ဖြစ်ပွားမှုနောက်ပိုင်း အကြီးမားဆုံးဖြစ်နိုင်သည့် ကိုဗစ်-၁၉ လှိုင်းကူးစက် မှုသည် ဒီဇင်ဘာလကတည်းက ရှီအန်တွင် ဖြစ်ပွားနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly