ထားဝယ်နည်းပညာတက္ကသိုလ် ပါမောက္ခက ကျောင်းလာတက်ရန် စာတိုက်ကတစ်ဆင့်စာပို့အကြောင်းကြား

ထားဝယ်နည်းပညာတက္ကသိုလ် ပါမောက္ခက ကျောင်းလာတက်ရန် စာတိုက်ကတစ်ဆင့်စာပို့အကြောင်းကြား

ဇန်နဝါရီလ ၁၀ ရက်

တနင်္သာရီတိုင်းက စစ်ကောင်စီဖွင့်လှစ်ထားသည့် ထားဝယ်နည်းပညာ တက္ကသိုလ်တွင် ကျောင်းလာ တက်သော ကျောင်းသား၊ ကျောင်းသူများ မရှိ၍ ကျောင်းလာတက်ရန် စာပို့၍အကြောင်းကြား နေရကြောင်း အဆိုပါ တက္ကသိုလ်မှ ကျောင်းသားများသမဂ္ဂ အသိုင်းဝိုင်းမှ သိရသည်။

ထားဝယ် နည်းပညာတက္ကသိုလ် ကျောင်းသည် ဇန်နဝါရီလ ၆ ရက်နေ့မှ စတင်၍ ဖွင့်လှစ်နေခြင်း ဖြစ်ကာ လက်ရှိ အချိန်အထိ ကျောင်းသား၊ ကျောင်းသူ တစ်ဦး တစ်ယောက်မှ လာတက်ခြင်း မရှိခြင်းကြောင့် စစ်ကောင်စီ၏လက်အောက်ခံ အဆိုပါတက္ကသိုလ်မှပါမောက္ခကိုယ်တိုင် လက်မှတ် ရေးထိုးကာ ကျောင်းလာတက်ပေးရန် စာတိုက်ကနေ တစ်ဆင့် အကြောင်းကြားစာများ ပေးပို့နေကြောင်း ထားဝယ်နည်းပညာ တက္ကသိုလ်ကျောင်းသားသမဂ္ဂထံမှ သိရသည်။

ကျောင်းများ ပြန်ဖွင့်နေပြီ ဖြစ်ကြောင်း စစ်ကောင်စီက ကြေညာနေပြီး ထားဝယ် နည်းပညာ တက္ကသိုလ် အပါအဝင် ထားဝယ်က တက္ကသိုလ်များမှာ ကျောင်းလာ တက်သူ မရှိသလောက် ဖြစ်နေသည်။

အာဏာ ဖီဆန်ရေး လှုပ်ရှားမှုတွင် ၂၀၂၁ ခုနှစ်၌ ထားဝယ်တွင် တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ အများစုမှာ ဖမ်းဆီးခံထားရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required