သမ္မတရှီကျင့်ဖျင် လက်ထက်တွင် တရုတ်အစိုးရက ဘာသာရေးနှင့် လူနည်းစုများအပေါ် တင်းကျပ်မှုများ ပိုမိုလုပ်ဆောင်လာ

သမ္မတရှီကျင့်ဖျင် လက်ထက်တွင် တရုတ်အစိုးရက ဘာသာရေးနှင့် လူနည်းစုများအပေါ် တင်းကျပ်မှုများ ပိုမိုလုပ်ဆောင်လာ

သမ္မတရှီကျင့်ဖျင်၏ လက်ထက်တွင် တရုတ်အစိုးရက ဘာသာရေးနှင့် လူနည်းစုများအပေါ် တင်းကျပ်ထိန်းချုပ်မှုများကို ပိုမိုလုပ်ဆောင်လာသည်။

နိုင်ငံကို ထိန်းချုပ်ထားသည့် တရုတ်ကွန်မြူနစ်ပါတီ (CPC) ၏ အာဏာရှင်ဆန်သော လုပ်ရပ်များတွင် ဘာသာရေးလုပ်ငန်းများနှင့် လူနည်းစု တိုင်းရင်းသားတို့ကို အနီးကပ်စောင့်ကြည့်ခြင်းနှင့် ကြပ်မတ် ထိန်းချုပ်ခြင်း တို့ ပါဝင်ကြောင်း Geneva Daily သတင်းစာတွင် ဖော်ပြထားသည်။

တရုတ်လူဦးရေ၏ ၉၂ ရာခိုင်နှုန်းသည် ဟန်မျိုးနွယ်များဖြစ်ပြီး နိုင်ငံလူဦးရေ ၅၀ ရာခိုင်နှုန်းကျော်သည် မည်သည့်ဘာသာဝင်မှမဟုတ်သလို ခရစ်ယာန်ဘာသာဝင် ၅ ရာခိုင်နှုန်းနှင့် မွတ်စလင်ဘာသာဝင်အရေအတွက် အလွန်နည်းပြီး ၂ ရာခိုင်နှုန်းသာရှိသည်။

၂၀၁၂ ခုနှစ်မှစတင်ပြီး ရှီကျင့်ဖျင်သည် CPC ၏ အတွင်းရေးမှူးချုပ် ဖြစ်လာပြီးနောက်ပိုင်း တရုတ်နိုင်ငံတွင် ယဉ်ကျေးမှုအပြောင်းအလဲ များစွာ ဖြစ်ပေါ်ခဲ့သည်။ ‘ရှီကျင့်ဖျင်၏ အတွေးအခေါ်’ နှင့်အညီ တရုတ်နိုင်ငံကို ဖန်တီးရန် ၎င်း၏ အစိုးရက တစိုက်မတ်မတ် ကြိုးပမ်းနေသည်။

ခေတ်သစ်အတွက် တရုတ်၏ ဝိသေသလက္ခဏာများပါဝင်သော ဆိုရှယ်လစ်ဝါဒဆိုင်ရာ ရှီကျင့်ဖျင်၏ အတွေးအခေါ်အယူအဆကို ၂၀၁၇ ခုနှစ်က ပြုလုပ်ခဲ့သည့် CCP ၏ ၁၉ ကြိမ်မြောက် အမျိုးသားကွန်ဂရက်တွင် ထုတ်ပြန်ပြောကြားခဲ့ကြောင်း Geneva Daily သတင်းတွင် ဖော်ပြထားသည်။

တရားဥပဒေ စိုးမိုးရေးနှင့် တရုတ်နိုင်ငံကို အုပ်ချုပ်ရန်နှင့် (မူဝါဒ ၁၄ရပ်တွင် ပြထားသည့်အတိုင်း တရုတ်၏ ဝိသေသလက္ခဏာများပါဝင်သည့် ဆိုရှယ်လစ်ဝါဒတို့ကို ကျင့်သုံးနိုင်စေရန် CCP သည် နိုင်ငံ၏ လူမှုရေးနယ်ပယ် တွင် ထိန်းချုပ်မှုများ ပိုမိုလုပ်ဆောင်လာသလို နိုင်ငံကိုလည်း တင်းကျပ်စွာ အုပ်ချုပ်ခဲ့သည်။

အဆင့်မြင့် ထောက်လှမ်းရေး နည်းဗျူဟာများနှင့် လျင်မြန်စွာ တိုးတက်နေသည့် ဉာဏ်ရည်တုနှင့် တွဲဆက်ထားသည့် နည်းပညာတို့ကို အသုံးချသောကြောင့် တရုတ်နိုင်ငံအနောက်ပိုင်းသည် ယာဉ်နံပါတ်ပြားများမှစ၍ နိုင်ငံသားတို့၏ နေအိမ်ရှေ့တံခါးများအထိ စောင့်ကြည့်ခံရသော အလွန်ဆိုးရွားသည့် ဒေသတစ်ခုဖြစ်လာခဲ့သည်။

သို့သော် တရုတ်အာဏာပိုင်များသည် နိုင်ငံတကာ၏ စိုးရိမ်ပူပန် စိတ်မကောင်းခြင်းများကို ဆက်လက် လစ်လျူရှုကာ နိုင်ငံသားများအပေါ် မမျှမတဆက်ဆံနေသည်ဆိုသော စွပ်စွဲမှုများကို ငြင်းဆိုခဲ့သည်။ အစ္စလာမ္မစ်နိုင်ငံများမှပင် အဆိုပါပြဿနာကို လက်ရှောင်နေကြသောကြောင့် ဒုက္ခများစွာ ကြုံတွေ့နေရသည့် တရုတ်နိုင်ငံမှ မွတ်စလင်များသက်သာခွင့်ရရေးမှာ မျှော်လင့်ချက် ရေးရေးမျှသာရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly