ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်း၌ မီးလောင်မှု ဖြစ်ပွား 

ဘင်္ဂလားဒေ့ရှ်ရှိ ရိုဟင်ဂျာ ဒုက္ခသည်စခန်း၌ မီးလောင်မှု ဖြစ်ပွား 

ဇန်နဝါရီ ၁၀

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုတွင် တနင်္ဂနွေနေ့က မီးလောင်မှု ဖြစ်ပွားရာ အိမ်ခြေရာပေါင်းများစွာ ပျက်စီးကြောင်း တာဝန်ရှိသူများနှင့် မျက်မြင်များအရ သိရပြီး အသေအဆုံး သတင်းကိုမူ လတ်တလော မသိရသေးပေ။ 

၂၀၁၇ ခုနှစ်အတွင်းက မြန်မာနိုင်ငံ၌ စစ်တပ်၏ ဖြိုခွင်းမှုများကြောင့် ထွက်ပြေးလာခဲ့ကြသူ အများစုဖြစ်သော ရိုဟင်ဂျာ တစ်သန်းကျော်မက နေထိုင်နေရာ နယ်စပ်ခရိုင်ဖြစ်သော ကော့ဘဇားရှိ စခန်း အမှတ် ၁၆ တွင် မီးလောင်မှု ဖြစ်ပွားခြင်း ဖြစ်သည်။  

အရေးပေါ်ဝန်ထမ်းများက မီးကို ငြှိမ်းသတ်နိုင်ခဲ့ကြောင်း ဒုက္ခသည်များဆိုင်ရာ ဘင်္ဂလားဒေ့ရှ် အစိုးရ တာဝန်ရှိသူ မိုဟာမတ် ရှမ်ဆက် ဒိုဇာက ပြောသည်။ မီးလောင်ရသည့် အကြောင်းရင်းအား မသိရသေးကြောင်း ၎င်းက ဆိုသည်။ 

“ဘာမှ မကျန်တော့ဘူးဗျာ၊ တော်တော်များများ အိမ်မရှိကြတော့ဘူး”ဟု ဒုက္ခသည်တစ်ဦးဖြစ်သည့် အဘူ သာဟာက ဆိုသည်။ 

ပြီးခဲ့သည့် တနင်္ဂနွေနှောင်းပိုင်း၌ ကော့ဘဇားခရိုင်က အခြား ဒုက္ခသည်စခန်းရှိ COVID-19 ကုသရေးစင်တာ၌လည်း နောက်ထပ်မီးလောင်မှုဖြစ်သော်လည်း အသေအပျောက် သတင်း မသိရသေးပေ။ 

ကော့ဘဇားရှိ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းတစ်လျှောက် ပြီးခဲ့သည့် မတ်လတွင် မီးကြီးလောင်ကျွမ်းခဲ့ရာ၌ ဒုက္ခသည် ၁၅ ဦး သေဆုံးကာ တဲအိမ်ငယ်ပေါင်း ၁၀၀၀၀ ကျော်ထက်မနည်း မီးလောင် ပျက်စီးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly