ဖားကန့်မြို့က KIA၊ PDF၊ NUG ထောက်ခံပွဲနှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန်အား ကန့်ကွက် သပိတ်မှောက်

08 January 2022
ဖားကန့်မြို့က KIA၊ PDF၊ NUG ထောက်ခံပွဲနှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန်အား ကန့်ကွက် သပိတ်မှောက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ယနေ့ ဇန်နဝါရီ ၈ ရက်နေ့၌ KIA၊ PDF၊ NUG ထောက်ခံပွဲနှင့် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန် ကန့်ကွက်ပွဲ၊ စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး သပိတ် ပြုလုပ်ခဲ့ကြသည်။

အင်တာနက် ဖြတ်တောက်ခံရမှု လေးလခွဲ ကြာရှိပြီဖြစ်သည့် ဖာကန့်မြို့မှ ဆန္ဒပြ ပြည်သူများက "နှစ်သစ်မှာ KIA၊ PDF တိုက်ပွဲတိုင်းမှာ နိုင်ပါစေ၊ NUG အစိုးရ ဒို့အစိုးရ၊ နှစ်သစ်ကိုလည်း ကြိုမယ် ဖက်ဆစ်ကိုလည်း ဖြိုမယ်၊ ဖက်ဆစ် စစ်တပ် လုံးဝ အုပ်ချုပ်ခွင့် မရစေရ၊ နွေဦးတော်လှန်ရေး အရေးတော်ပုံ အောင်ကို အောင်ရမည်" ဟု ကြွေးကြော်ခဲ့ကြသည်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly