ကိုစတာရီကာမှာ မီနီဘတ်စ်တစ်စီး တိုက်မှုဖြစ်ရာ ကမ္ဘာလှည့်ခရီးသွားများ သေဆုံး 

ကိုစတာရီကာမှာ မီနီဘတ်စ်တစ်စီး တိုက်မှုဖြစ်ရာ ကမ္ဘာလှည့်ခရီးသွားများ သေဆုံး 

ဇန်နဝါရီ ၈

ကိုစတာရီကာ အနောက်ပိုင်းမှာ သောကြာနေ့က မီနီဘတ်စ်တစ်စီး တိုက်မှုဖြစ်ရာ သေဆုံးသူ လေးဦးမှာ နှစ်ဦးက အမေရိကန်က ခရီးသွားဧည့်သည်တွေဖြစ်ပြီး တစ်ဦးက ဆွစ်ဇာလန်က ဖြစ်ကြကာ အခြား နိုင်ငံခြားသား သုံးဦး ထိခိုက်ဒဏ်ရာရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ 

သေဆုံးသူတွေမှာ အမေရိကန်အမျိုးသမီးနှစ်ဦးနဲ့ ကျန်တစ်ဦးက နေရာမှာပဲ သေဆုံးတာဖြစ်ပြီး ကျန်တစ်ဦးကတော့ ပန်တာရီနာမြို့က ဆေးရုံမှာ သေဆုံးတာဖြစ်တယ်လို့ တရားရေးစုံစမ်းမှုဌာနက ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ 

အခု ယာဉ်မတော်တဆမှုမှာ ဆွစ်ဇာလန်အမျိုးသားတစ်ဦးလည်း သေဆုံးပါတယ်။ မီနီဘတ်စ်ဟာ သကြားအိတ်တွေ တင်လာတဲ့ ထရပ်ကားကို ကျော်တက်ဖို့ ကြိုးစားရာကနေ မတော်တဆမှု ဖြစ်တာပါ။ သေဆုံးသူတွေရဲ့ အသက်အရွယ်နဲ့ မည်သူမည်ဝါဖြစ်တယ်လိုတာကိုတော့ ထုတ်ပြန်ခြင်း မရှိပါ။ 

မည်သည့်နိုင်ငံသားဆိုတာ ထုတ်ပြန်တာမရှိတဲ့ နိုင်ငံခြားသား ဧည့်သည် သုံးဦးဟာ အခြေအနေစိုးရိမ်ရပြီး ပန်တာရီနာက ဆေးရုံကို တင်ပို့ထားတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ 

အခု ခရီးသည်တွေဟာ ကိုစတာရီကာ ပစိဖိတ်ကမ်းရိုးတန်းက ကမ်းခြေတွေနဲ့ မီးတောင်တွေကြောင့် ကမ္ဘာလှည့်ခရီးသွားတွေ အလာများကြတဲ့ ဂွာနာကက်စတီအရပ်ဆီ ဦးတည်လာရောက်ကြတာ ဖြစ်ပါတယ်။ မီနီဘတ်စ်မောင်းသူလည်း အခု မတော်တဆမှုမှာ သေဆုံးကြောင်း သိရပါတယ်။ 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly