သီရိလင်္ကာသမ္မတက မိမိအားလုပ်ကြံရန် စီစဉ်ခဲ့သူအား လွတ်ငြိမ်းချမ်းသာခွင့်ပြု

သီရိလင်္ကာသမ္မတက မိမိအားလုပ်ကြံရန် စီစဉ်ခဲ့သူအား လွတ်ငြိမ်းချမ်းသာခွင့်ပြု

သီရိလင်္ကာသမ္မတ မစ်သရီပါလသီရိသေနက သမ္မတသက်တမ်း တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ၎င်းအား လုပ်ကြံရန်စီစဉ်ခဲ့မှုဖြင့် ပြစ်ဒဏ်ကျခံနေရသည့် တမီးလ်သူပုန်တစ်ဦးကို ဇန်နဝါရီ ၉ ရက်က လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း သိရသည်။

၂၀၀၅ ခုနှစ်က သီရိသေနသည် ဆည်မြောင်းဌာန၏ ဝန်ကြီးအဖြစ်တာ ဝန်ထမ်းဆောင်စဉ် အဆိုပါ တမီးလ်သူပုန် ဇေနေဝမ်က လုပ်ကြံသတ်ဖြတ်ရန် စီစဉ်ခဲ့မှုဖြင့် ပြီးခဲ့သည့်နှစ် ဇန်နဝါရီလက ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရသည်။

သီရိသေန၏ သမ္မတသက်တမ်းတစ်နှစ်ပြည့် အခမ်းအနားသို့ ဇေနေဝမ်အား ဖိတ်ကြားခဲ့ပြီး ၎င်း၏ဦးခေါင်းကို သမ္မတက ကိုင်တွယ်ပွတ်သတ်ကာ ဆုတောင်းပေးခဲ့သည်။

သီရိလင်္ကာသမ္မတက နိုင်ငံအား မေတ္တာ၊ ကရုဏာဖြင့် အုပ်ချုပ်ကာ တိုင်းပြည်တည်ငြိမ်အောင် လုပ်ဆောင်သွားမည်ဟု ရွေးကောက်ပွဲကာလအတွင်း ကတိပြုခဲ့သည်။

ဖမ်းဆီးထားသည့် တမီးလ်ကျားသူပုန်အမာခံအဖွဲ့ဝင်များကို လွှတ်ပေးသောကြောင့် နိုင်ငံလုံခြုံရေး ကို ထိခိုက်စေနိုင်ကြောင်း သီရိသေန၏ အတိုက်အခံများက ဝေဖန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly