ဥဇဘက်ကစ္စတန်နှင့် အာဖဂန်နစ္စတန် နယ်ခြားစောင့်တပ်ဖွဲ့များအကြား ပစ်ခတ်မှု ဖြစ်ပွား

ဥဇဘက်ကစ္စတန်နှင့် အာဖဂန်နစ္စတန် နယ်ခြားစောင့်တပ်ဖွဲ့များအကြား ပစ်ခတ်မှု ဖြစ်ပွား

အာဖဂန်နစ္စတန်နိုင်ငံ ဂျော့ဇ်ဂျန်ပြည်နယ် ခူမာ့ဘ် ခရိုင်တွင် တာလီဘန်တပ်ဖွဲ့ဝင်များနှင့် ဥဇဘက်ကစ္စတန် နယ်ခြားစောင့်တပ်ဖွဲ့တို့အကြား လက်နက်ကိုင် တိုက်ခိုက်မှု ပဋိပက္ခတစ်ခု ဖြစ်ပွားခဲ့ကြောင်း ယင်းပြည်နယ်ရှိ တာလီဘန်အဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်ကို ပြည်တွင်း မီဒီယာက ဖော်ပြသည်။

အဆိုပါ ပစ်ခတ်မှုသည် ဇန်နဝါရီ ၃ ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဂျော့ဇ်ဂျန်ပြည်နယ်၏ ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ညွှန်ကြားမှုဦးစီးဌာန၏ အကြီးအကဲ ဟီလယ် ဘောလ်ခီက ပြောကြားခဲ့သည်ဟု Khaama Press က ဖော်ပြသည်။

ဥဇဘက်ကစ္စတန်နိုင်ငံတွင်းထဲ နယ်စပ်ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် အာဖဂန်နိုင်ငံသားတစ်ဦးကို ဥဇဘက်နယ်ခြားစောင့် ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပြီး ၁၀ ရက်အကြာတွင် အဆိုပါ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

အလားတူ နယ်စပ်ဖြတ်ပြီး ဥဇဘက်ကစ္စတန်နိုင်ငံထဲ ဝင်ရန် ကြံရွယ်ခဲ့သည့် နောက်ထပ် အာဖဂန်နိုင်ငံသားတစ်ဦးလည်း ဖမ်းဆီးခံရပြီးနောက် အရှင်လတ်လတ် မြေမြှုပ်ခံခဲ့ရကြောင်း Khaama Press က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly