OIC အတွင်းရေးမှူးချုပ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးတို့ မြန်မာနိုင်ငံက ဘင်္ဂါလီအရေးဆွေးနွေး

OIC အတွင်းရေးမှူးချုပ်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးတို့ မြန်မာနိုင်ငံက ဘင်္ဂါလီအရေးဆွေးနွေး

ကမ္ဘာ့အစ္စလာမ်မစ် အဖွဲ့ချုပ်ဖြစ်သည့် OIC အတွင်းရေးမှူးချုပ် အိုင်ယတ်အမ်မန်းမာဒါနီနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး အဘူလ်ဟာဆန်မာမွတ်အလီတို့နှစ်ဦး ဇန်နဝါရီ ၇ ရက်က တွေ့ဆုံဆွေးနွေးမှုတွင် မြန်မာနိုင်ငံက ဘင်္ဂါလီများအရေးကို ထည့်သွင်းဆွေးနွေးခဲ့ကြောင်း arab news သတင်းဌာနက ဖော်ပြသည်။

ရိုဟင်ဂျာ ဆိုသူများကို မြန်မာနိုင်ငံတွင် တိုင်းရင်းသားအဖြစ် လက်မခံဘဲ အစိုးရကလည်း နိုင်ငံသားဖြစ်ခွင့်ကို ငြင်းဆန်ထားသည်။ သို့သော် နိုင်ငံတကာက ရိုဟင်ဂျာဆိုသူများဖက်က ရပ်တည်ကာ မြန်မာအစိုးရအား ဖိအား အမျိုးမျိုးပေးလျက်ရှိသည်။

ဆော်ဒီအာရေဗျနိုင်ငံ ရီယတ်မြို့ရှိ OIC ရုံးချုပ်တွင် ပြုလုပ်သည့် ယင်းတွေ့ဆုံမှုတွင် OIC အဖွဲ့ဝင် မွတ်စလင်နိုင်ငံများ၏ ဘုံအကျိုးစီးပွားကိစ္စရပ်များကိုလည်း ဆွေးနွေးခဲ့သည်။

ရိုဟင်ဂျာဆိုသူများအရေးကို ကိုင်တွယ်ဖြေရှင်းရေးတွင် နိုင်ငံတကာအသိုက်အဝန်း၏ အားကို ယူသွားရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးက အလေးထားပြောသည်။ ယင်းအရေးကို ဖြေရှင်းရေးအတွက် ဘင်္ဂလားဒေ့ရှ်က မြန်မာအစိုးရနှင့် ဆွေးနွေးမှုများ လုပ်ဆောင်ခြင်းများကိုလည်း ၎င်းကပြောပြီး ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အစိုးရတက်လာလျှင် အရေးပါမှုများ ဖြစ်လာနိုင်ကြောင်းလည်း မျှော်လင့်ထားသည်။

OIC အတွင်းရေးမှူးချုပ် မာဒါနီကလည်း မွတ်စလင်ကမ္ဘာ ဖွံ့ဖြိုးမှုနှင့် နိုင်ငံရေးတည်ငြိမ်မှုများ မြှင့်တင်နိုင်ရန် ဘင်္ဂလားဒေ့ရှ်နှင့်အတူ ဆက်လက်လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags