တိဗက်တွင် ယမန်နှစ်က လူ့အခွင့်အရေးချိုးဖောက်မှုများစွာ ဖြစ်ပွားခဲ့ဟု အဝေးရောက်တိဗက်အစိုးရ ပြောကြား

By Devdicourse
08 January 2022
တိဗက်တွင် ယမန်နှစ်က လူ့အခွင့်အရေးချိုးဖောက်မှုများစွာ ဖြစ်ပွားခဲ့ဟု အဝေးရောက်တိဗက်အစိုးရ ပြောကြား

တရုတ်သည် ၂၀၂၁ ခုနှစ်တွင် တိဗက်စာရေးဆရာများ၊ ပညာရှင်များနှင့် အနုပညာရှင်များစွာကို အကျဉ်းချပြီး ထိန်းသိမ်းခဲ့သော်လည်း တိဗက်အရေးသည် ရှင်သန်နေဆဲဖြစ်ပြီး တရုတ်နိုင်ငံ၏ အဓိကပြဿနာများထဲမှ တစ်ခုဖြစ်ကြောင်း အဝေးရောက်တိဗက်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ တန်ဇင်းလက်ခ်ရှေးက မကြာသေးမီက ပြောကြားခဲ့သည်။

ယမန်နှစ်က တိဗက်တွင် လူ့အခွင့်အရေးချိုးဖောက်မှု အများအပြား မြင်တွေ့ရကြောင်း လက်ခ်ရှေးက ပြောသည်။

"၂၀၂၁ ခုနှစ်တုန်းက တိဗက်ပြည်မှာ ကိစ္စများစွာ ဖြစ်ပျက်ခဲ့ပါတယ်။ နိုင်ငံရေးခေါင်းဆောင် တော်တော်များများက တိဗက်ကို အလည်လာခဲ့ပြီး နှစ်တွေကြာလာတာနဲ့အမျှ တိဗက်ဟာ ဆုတ်ယုတ်မှုတွေ ရင်ဆိုင်နေရတယ်လို့ ယုံကြည်ခဲ့ကြပေမယ့် တိဗက်ဟာ လောင်မြိုက်နေဆဲဆိုတာ အခုသူတို့ နားလည်လာကြပါပြီ" ဟု လက်ခ်ရှေးက ပြောကြားခဲ့သည်။ တိဗက်အရေးသည် တရုတ်နိုင်ငံ၏ အဓိကပြဿနာတွေထဲမှ တစ်ခုဖြစ်ပြီး ဒါကိုဖိနှိပ်ဖို့အတွက် နိုင်ငံဟာ ရန်လိုမှုတွေ ပိုများလာပါတယ်” ဟု ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

“သူတို့က တိဗက်ရိုးရာဓလေ့အားလုံးကို ရှုတ်ချတယ်။ ချေမှုန်းပစ်တယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဉာဏ်တော် ၉၉ ပေရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်ကို ဖြိုချပစ်ခဲ့ကြတယ်။ ဒါဟာ တရုတ်ရဲ့ ကြံရာမရဖြစ်နေတဲ့လက္ခဏာပါ။ တိဗက်လူမျိုးတွေရဲ့ ဆန္ဒတွေကို ထည့်သွင်းမစဉ်းစားရင် အနာဂတ်မှာ တရုတ်ဟာ ကောင်းကောင်း ရှေ့မဆက်နိုင်ဘူးလို့ ကျွန်တော်တို့ ယုံကြည်တယ်” ဟု ၎င်းက ဆက်ပြောသည်။

“အနာဂတ်မှာ ပဋိပက္ခဖြေရှင်းဖို့ဆိုရင် တိဗက်ပြည်သူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးမယ့် တရုတ်-တိဗက် ပဋိပက္ခဖြေရှင်းရေးဆွေးနွေးပွဲလုပ်ဖို့ လိုပါတယ်” ဟု လက်ခ်ရှေးက ထပ်လောင်းပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly