တရုတ်၏ ပြင်းထန်စွာ ဖိနှိပ်နေသော ဥပဒေကြောင့် ဟောင်ကောင်မှ ထိုင်ဝမ်သို့ ရွှေ့ပြောင်းလာသူ အရေအတွက် မြင့်တက်နေ

တရုတ်၏ ပြင်းထန်စွာ ဖိနှိပ်နေသော ဥပဒေကြောင့် ဟောင်ကောင်မှ ထိုင်ဝမ်သို့ ရွှေ့ပြောင်းလာသူ အရေအတွက် မြင့်တက်နေ

အငြင်းပွားဖွယ် အမျိုးသားလုံခြုံရေးဥပဒေဖြင့် တရုတ်က ပြင်းထန်စွာ ဖိနှိပ်နေသဖြင့် ဟောင်ကောင်မှ ထိုင်ဝမ်သို့ဝင်ရောက်လာသူ အရေအတွက် မြင့်တက်လာနေကြောင်း Radio Free Asia (RFA) သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

ထိုင်ဝမ်လူဝင်မှုကြီးကြပ်ရေးဌာန၏ နောက်ဆုံးစာရင်းဇယားများအရ ဟောင်ကောင်မှ ထိုင်ဝမ်သို့ ပြောင်းရွှေ့နေထိုင်သူအရေအတွက်သည် ၂၀၂၁ခုနှစ်တွင် အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း ထိုင်ဝမ်ပြည်မရေးရာ ကော်မရှင် (MAC) မှ ပြောရေးဆိုခွင့်ရှိသူ ချုချုချန်ကို ကိုးကားပြီး RFA က ဒီဇင်ဘာ ၃၁ရက်တွင် ဖော်ပြခဲ့သည်။

ထိုင်ဝမ်ပြည်ထဲရေးဝန်ကြီးဌာနသည် ၂၀၂၁ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း ဟောင်ကောင်သားများအား နေထိုင်ခွင့်ကတ် ၉၇၇၂ ကတ် ထုတ်ပေးခဲ့ပြီး ၂၀၂၀ပြည့်နှစ် အလားတူကာလက ၉၅၀၁ ဦးသာ ရှိကြောင်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

၂၀၂၁ ခုနှစ်တွင် ထိုင်ဝမ်သည် ဟောင်ကောင်သား ၁၅၇၂ ဦးအား အမြဲတမ်းနေထိုင်ခွင့် ပေးအပ်ခဲ့ပြီး ၂၀၂၀ပြည့်နှစ် အလားတူကာလက ၁၃၉၇ ဦးသာ ရှိခဲ့သည်။

အထူးသဖြင့် မဟာဘွဲ့နှင့် ပါရဂူဘွဲ့များပြီးမြောက်ပြီးသည့်နောက် ကျောင်းသားများအား နေထိုင်ခွင့်ကာလ သက်တမ်းတိုးရန် အရည်အချင်းပြည့်မီသူများကို ခေါ်ယူသည့် စည်းမျဉ်းများနှင့်အညီ ပြင်ဆင်ချက်မူကြမ်း အချို့ကို ပြင်ဆင်ထားကြောင်း ချုက ပြောကြားခဲ့ပါသည်။

စည်းမျဉ်းသစ် မူကြမ်းကို မကြာမီ အကောင်အထည်ဖော်နိုင်မည်ဟု မျှော်လင့်ကြောင်း ချုက ပြောကြားခဲ့သည်။

ထိုင်ဝမ်သည် တင်းကျပ်သော ကိုဗစ်-၁၉ အဝင်အထွက် ကန့်သတ်ချက်များကို မချမှတ်ခဲ့ပါက ဟောင်ကောင်မှ ရွှေ့ပြောင်းလာသူ ပိုများလာနိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေး အတိုင်ပင်ခံ ချန်စိုင်လင်းက ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly