စင်ကာပူမြို့တွင် ပြေးဆွဲသည့် ရထားတစ်စင်းပေါ်တွင် အမျိုးသမီးများအား ကာယိန္ဒြေပျက်အောင် ကိုယ်ထိလက်ရောက်နှောက်ယှက်ခဲ့သည့် အသက် ၃၇ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီး ထားကြောင်း သိရသည်။
ဆမ်ဘာဝမ်အမ်အာရ်တီဘူတာမှ ဘီရှန်အမ်အာရ်တီ ဘူတာသို့ ခုတ်မောင်းသည့် ရထားတစ်ဦးပေါ်တွင် အမျိုးသမီးတစ်ဦးအား အဆိုပါ အမျိုးသားက ကိုယ်ထိလက်ရောက် နှောက်ယှက်ခဲ့သည့်ပုံကို ယင်းကဲ့သို့ ပြုလုပ်ခံခဲ့ရသည်ဆိုသော အမျိုးသမီးများက အင်တာနက်လူမှု ကွန်ရက်ပေါ်သို့တင်ခဲ့ရာမှ ၎င်းအား ရဲများက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ယင်းကဲ့သို့ ပြုလုပ်ခဲ့သည့် အဆိုပါ အမျိုးသားအား အများပြည်သူ သယ်ယူပို့ဆောင်မှုလုံခြုံရေးတပ်ဖွဲ့က စုံစမ်းမှုများ ပြုလုပ်ခဲ့ပြီးနောက် ဇန်နဝါရီ ၇ ရက်တွင် ဖမ်းမိခဲ့ခြင်းဖြစ်သည်။
ပြစ်မှုထင်ရှားပါက ၎င်းအနေဖြင့် ထောင်ဒဏ်နှစ်နှစ်ကျခံရမည့်အပြင် ကြိမ်ဒဏ်သို့မဟုတ် ငွေဒဏ်တို့ ကျခံရမည်ဖြစ်သည်။