ပါကစ္စတန် ဘာလိုချီစတန်၌ ဟိန္ဒူဘာသာဝင် ကုန်သည်တစ်ဦး အသတ်ခံရ

ပါကစ္စတန် ဘာလိုချီစတန်၌ ဟိန္ဒူဘာသာဝင် ကုန်သည်တစ်ဦး အသတ်ခံရ

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ် လက်စ်ဘီလာမြို့တွင် ဟိန္ဒူဘာသာဝင် ကုန်သည်တစ်ဦးဖြစ်သည့် ရာမက်ရှ် လယ်လ်နန်း လယ်ကို အမည်မသိသူများက သတ်ဖြတ်သွားခဲ့သည်။

သူသည် အခြားတစ်ဦးထံချေးထားသည့် ငွေကို အကြွေးရရန် ဟက်ဘ်မြို့သို့ သွားရောက်ခဲ့ကြောင်း ပါကစ္စတန် နယ်မြေခံ မီဒီယာက ဖော်ပြသည်။

ယခု တိုက်ခိုက်သတ်ဖြတ်မှုဖြစ်စဉ်က ပါကစ္စတန်နိုင်ငံတွင် လူနည်းစုများနှင့် ၎င်းတို့၏ ကိုးကွယ်ရာ နေရာများအပေါ် ပစ်မှတ်ထားသည့် နောက်ထပ်တိုက်ခိုက်မှု ဥပမာတစ်ခု ဖြစ်သည်။

ပြီးခဲ့သည့် နှစ်များအတွင်း ပါကစ္စတန်နိုင်ငံတွင် ဘာသာရေးလူနည်းစုများ၏ ကိုးကွယ်ရာနေရာများအပေါ် တိုက်ခိုက်မှုဖြစ်စဉ်များ တစ်ရှိန်ထိုးမြင့်တက်လာခဲ့သည်။

ပါကစ္စတန်နိုင်ငံသည် လူနည်းစုများ၏ အကျိုးအတွက် ကာကွယ်စောင့်ရှောက်ပေးခြင်း မရှိမှုအတွက် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ပြစ်တင်မှုကို မကြာခဏ ခံရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly