ပါကစ္စတန် ခိုင်ဘာ ပက်ခ်တွန်ခဝါတွင် လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် ဒေသခံများက လမ်းများကို ပိတ်ဆို့ဆန္ဒပြ

By Zee5
07 January 2022
ပါကစ္စတန် ခိုင်ဘာ ပက်ခ်တွန်ခဝါတွင် လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် ဒေသခံများက လမ်းများကို ပိတ်ဆို့ဆန္ဒပြ

ပါကစ္စတန်နိုင်ငံ ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ်ရှိ အမျိုးသား၊ အမျိုးသမီး ဒေသခံပြည်သူ အများအပြားသည် ၎င်းတို့ဒေသ၌ အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်မှုကို ကန့်ကွက်သည့်အနေဖြင့် ဇန်နဝါရီ ၂ ရက်က တော့ခ်ဟမ်နယ်စပ်ကိုဦးတည်သည့် လမ်းမတစ်ခုကို ပိတ်ဆို့ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

တော့ခ်ဟမ် နယ်စပ်သို့ ဦးတည်ချိတ်ဆက်ထားသည့် အဓိကလမ်းမကြီးတွင် ယာဉ်သွားအလာများ ၂ ကြိမ်တိုင်တိုင် ရပ်ဆိုင်းသွားခဲ့သည်။ အမျိုးသမီးဆန္ဒပြသူများသည် ရှားကက်စ် နယ်မြေအနီး အဓိကလမ်းမကို ပိတ်ဆို့ခဲ့ကြရင်း ဒေသ၌ အချိန်ကြာမြင့်သော၊ ကြိုတင်စီစဉ်ထားခြင်းမရှိသော ဓာတ်အားပြတ်တောက်မှု အပေါ် မကျေနပ်မှုများကို ဖွင့်ထုတ်ခဲ့ကြသည်။ ထိုကဲ့သို့ မီးပြတ်တောက်မှုများက ၎င်းတို့၏ နေ့စဉ်ပုံမှန်ဘဝအပေါ် ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့သည်ဟု ဆန္ဒပြသူများက ပြောကြကြောင်း Dawn က ဖော်ပြသည်။

ဒေသခံ မျိုးနွယ်စုဝင် အမျိုးသမီးများသည် လမ်းပေါ်တွင် ကျောက်တုံးများ ချထားရင်း နေရာကနေ မဖယ်ဘဲ ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး မကြာခဏ ဓာတ်အားပြတ်တောက်မှုများနှင့် ဗို့အားအပြည့်အဝမရခြင်းတို့အတွက် ၎င်းတို့၏ မကျေနပ်ချက်များကို ထုတ်ဖော်ခဲ့ကြသည်။ မီးပြတ်တောက်မှု၊ ဗို့အားနည်းမှုတို့ကြောင့် သောက်သုံးရေ ပြတ်လပ်မှုကို ဖြစ်စေသည်ဟုလည်း ၎င်းတို့က ပြောခဲ့ကြသည်။

အလားတူ ဂါရီးဇာ အရပ်ရှိ ဒေသခံများကလည်း ဂျမ်ရုဒ်တွင် အလားတူ ဆန္ဒပြခဲ့ကြရာတွင် အဓိကလမ်းမကြီးကို ပိတ်ဆို့ခဲ့ကြပြီး ဒေသရှိ ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ ဝန်ထမ်းများသည် တစ်နေ့လျှင် ၁၈ နာရီကျော် ဝန်အားလျှော့ချမှုများ လုပ်ဆောင်နေ၍ ၎င်းတို့ကို ထိခိုက်စေလျက်ရှိကြောင်း စွပ်စွဲခဲ့သည်။

ထို့ပြင် အီမရန် ခန်း အစိုးရလက်ထက် လျှပ်စစ်မီတာခများတွင် လောင်စာဈေးနှုန်းဆိုင်ရာ ပြင်ဆင်ချက် (FPA) ထည့်သွင်းလုပ်ဆောင်ထားမှုကို အတိုက်အခံများက ပယ်ချခဲ့ပြီး ပေးထားရသည့် ငွေအချို့ကို ပြန်ပေးရန် တောင်းဆိုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly