တရုတ်က အနောက်အုပ်စုများ၏ လူမှုမီဒီယာ အချက်အလက်များကို စုဆောင်း

တရုတ်က အနောက်အုပ်စုများ၏ လူမှုမီဒီယာ အချက်အလက်များကို စုဆောင်း

တရုတ်နိုင်ငံသည် ၎င်း၏စစ်တပ်နှင့် ရဲတပ်ဖွဲ့အား ပြည်ပပစ်မှတ်များအကြောင်း သတင်းပေး ရန်အနောက်နိုင်ငံ လူမှုမီဒီယာကို အသုံးချနေကြောင်း The Washington Post ၏ အစီရင်ခံစာသစ်အရ သိရသည်။ ရာနှင့်ချီသော တရုတ်လေလံဆွဲသည့်စာရွက်စာတမ်းများ၊ စာချုပ်များနှင့် ကုမ္ပဏီဖိုင်များအပေါ် သုံးသပ်ပြီးနောက် ယခု ထုတ်ဖော်ပြောဆိုမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

တရုတ်နိုင်ငံသည် လွန်ခဲ့သည့်၁၀ စုနှစ်များအကျော်က တီထွင်ခဲ့သော အချက်အလက် ထောက်လှမ်းရေး ဝန်ဆောင်မှုနိုင်ငံလုံးဆိုင်ရာကွန်ရက်ကို ထိန်းသိမ်းထားပြီး နိုင်ငံရေးအရ ထိလွယ်ရှလွယ်သော အွန်လိုင်းသတင်းအချက်အလက်များကို တာဝန်ရှိသူများအား သတိပေးရန်အတွက် ပြည်တွင်း၌ အသုံးပြုနေကြောင်း ဤအစီရင်ခံစာတွင် ဖော်ပြထားသည်။

ပြည်တွင်းအင်တာနက်အသုံးပြုသူများနှင့် မီဒီယာများကို ပစ်မှတ်ထားသည့် ဆော့ဖ်ဝဲလ်သည် Twitter၊ Facebook နှင့် အခြားသော အနောက်တိုင်းဆိုရှယ်မီဒီယာများကဲ့သို့သော နိုင်ငံခြားပစ်မှတ်များမှ အချက်အလက်များကိုလည်း စုဆောင်းသည်။ ဝါရှင်တန်အခြေစိုက် သတင်းဌာနမှ အကဲဖြတ်ထားသော စာရွက်စာတမ်းများတွင် နိုင်ငံပိုင်မီဒီယာများ၊ ဝါဒဖြန့်ချိရေးဌာနများ၊ ရဲ၊ စစ်ဘက်နှင့် ဆိုက်ဘာစည်းကမ်းထိန်းသိမ်းရေးအဖွဲ့များ အပါအဝင် တရုတ်အေဂျင်စီများသည် ဒေတာစုဆောင်းရန်ခေတ်မီသော သို့မဟုတ် ပိုမိုခေတ်မီသော စနစ်သစ်များကို ဝယ်ယူနေကြောင်းလည်း ဖော်ပြသည်။

တရုတ်နိုင်ငံပိုင် မီဒီယာဆော့ဖ်ဝဲလ်ပရိုဂရမ်သည် နိုင်ငံခြား သတင်းထောက်များနှင့် ပညာရှင်များ၏ ဒေတာဘေ့စ်တစ်ခု ဖန်တီးရန် Twitter နှင့် Facebook တို့ကို အသုံးချကြကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ပေကျင်းရဲထောက်လှမ်းရေး အစီအစဉ်သည် ဟောင်ကောင်နှင့် ထိုင်ဝမ်ဆိုင်ရာ အနောက်တိုင်း အကြောင်းအရာများကို ပိုင်းခြားစိတ်ဖြာထားသလို ပြည်ပရှိ ဝီဂါဘာသာ စကားနှင့် အကြောင်းအရာများကိုလည်း စာရင်းပြုစုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly