ကမ္ဘာကျော်အောင် ထောင်ဖောက်ပြေးခဲ့သူ မူးယစ်ရာဇာ အယ်ချာပိုအား ပြန်ဖမ်းမိ

ကမ္ဘာကျော်အောင် ထောင်ဖောက်ပြေးခဲ့သူ မူးယစ်ရာဇာ အယ်ချာပိုအား ပြန်ဖမ်းမိ

မက္ကဆီကိုစီးတီး၊ ဇန်နဝါရီ ၉ ။          ။ မက္ကဆီကိုနိုင်ငံတွင် လုံခြုံအထူးတင်းကျပ်သည့် အကျဉ်းထောင်မှ ထောင်ဖောက်လွတ်မြောက်သွားခဲ့သည့် မူးယစ်ရာဇာ အယ်ချာပိုအား အာဏာပိုင်များက ပြန်လည် ဖမ်းဆီးရမိသည်။

အယ်ချာပို ထောင်ဖောက်လွတ်မြောက်ပြီး ခြောက်လအကြာတွင် "လိုက်လံဖမ်းဆီးသည့် မစ်ရှင်က အောင်မြင်ပြီး ၎င်းအား ပြန်ပြီး လက်ရဖမ်းမိထားပြီ"ဟု မက္ကဆီကိုသမ္မတ ပီနာနီတိုက ပြောသည်။

ကမ္ဘာ့အလိုရှိဆုံး မူးယစ်ရာဇာတစ်ဦးဖြစ်သည့် အယ်ချာပိုသည် ကိုကင်း၊ ဘိန်းဖြူနှင့် မက်သာဖီသမင်းမူးယစ်ဆေးဝးါများ အမေရိကန်သို့ မှောင်ခိုတင်သွင်းနေသည့် ဂိုဏ်းကို ဦးဆောင်နေသည့် မူးယစ်ရာဇာတစ်ဦးဖြစ်သည်။

၎င်းသည် အကျဉ်းထောင်ရှိ ရေချိုးခန်းနေရာတွင် တစ်မိုင်နီးပါး အရှည်ရှိသည့် မြေအောက်ဥမင်တူးကာ ထောင်ဖောက်လွတ်မြောက်သွားခြင်းဖြစ်သည်။

အယ်ချာပိုအား ဖမ်းဆီးရမိခြင်းက "အပြစ်ဒဏ်မှ ရှောင်ပြေးမှုကို ပွဲသိမ်းအောင်မြင်မှု"ဖြစ်ကြောင်း သမ္မတ ပီနာက ဖော်ကျုးပြီး မက္ကဆီကိုပြည်သူများအနေဖြင့် နိုင်ငံ၏ ဥပဒေသက်ဝင်မှုအား ယုံကြည်မှု ဖြစ်လာစေနိုင်ကြောင်းဆိုသည်။

အယ်ချာပိုအား လုယူမည် မည်သည့်အုပ်စုမှလည်း မရှိကြောင်း သမ္မတက ပြောသည်။

အယ်ချာပို၏ ဇာတိ ဆီနာလိုယာပြည်နယ်ရှိ ကမ်းခြေမြို့သော လော့စ်မိုချီမြို့တွင် ကမ်းခြေစောင့်တပ်သားများနှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပြီးနောက် ၎င်းအား ဖမ်းဆီးခဲ့ရခြင်းဖြစ်ကြောင်း သမ္မတပီနာက ပြောသည်။

အယ်ချာပိုအား စီးနင်းဖမ်းဆီးမှုအတွင်း စစ်တပ်၊ ရေတပ်နှင့် ရဲများ အပါအဝင် လူငါးဦးသေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly