ပါကစ္စတန်၌ အာဟာရ ချို့တဲ့မှုကြောင့် ကလေးများ သေဆုံးမှုနှုန်းက အမြင့်ဆုံး ဖြစ်နေ

ပါကစ္စတန်၌ အာဟာရ ချို့တဲ့မှုကြောင့် ကလေးများ သေဆုံးမှုနှုန်းက အမြင့်ဆုံး ဖြစ်နေ

ကျန်းမာရေးနှင့် မညီညွတ်သော ပတ်ဝန်းကျင်နှင့် မိသားစု စီမံကိန်းအစီအစဉ် မရှိခြင်းတို့သည် ပါကစ္စတန်နိုင်ငံတွင် ကလေးများအကြား အာဟာရ ချို့တဲ့ခြင်း၊ စောစီးစွာ သေဆုံးခြင်းတို့နှင့် သက်ဆိုင်သည့် အဓိက အကြောင်းရင်းများ ဖြစ်သည်။

ကလေးငယ်များနှင့် မိခင်များတွင် အာဟာရ ချို့တဲ့ခြင်းက ဖွံ့ဖြိုးဆဲနိုင်ငံ အများအပြားတွင် တွေ့ကြုံနေရသည့် ကြီးမားသည့် ကိစ္စတစ်ခု ဖြစ်သည်။

ပါကစ္စတန်ရှိ နို့စို့အရွယ်ကလေး အများအပြားသည် ကာကွယ်ဆေးထိုးနှံရမည့် အချိန်များတွင် ထိုးနိုင်ခြင်း မရှိခြင်းပင် ဖြစ်သည်။

နိုင်ငံတဝန်း အစိုးရနှင့် ပုဂ္ဂလိ ဆေးရုံ၊ ဆေးခန်း၊ ကျန်းမာရေးဌာနများမှ ယုံကြည်ရသည့် အချက်အလက်များ စုဆောင်းရရှိနိုင်ရန် လိုအပ်နေသလို ပုဂ္ဂလိကဆေးရုံများမှ အချက်အလက်အများစုသည် အစိုးရမှတ်တမ်း ထိန်းသိမ်းရေးသို့ ရောက်ရှိခြင်း မရှိပေ။ 

ထို့ပြင် ဖက်ဒရယ်အစိုးရရော၊ ပြည်နယ် အစိုးရများရောပါ လိုက်နာရမည့် မဟာဗျူဟာ အနည်းဆုံး နှစ်ခု ရှိသည်။ ကလေးများနှင့် မိခင်များအကြား အာဟာရ ချို့တဲ့မှုကို လျှော့ချရေးက သက်ဆိုင်ရာဌာနအားလုံးနှင့် ဝန်ကြီးဌာနများ၏ အဓိကဦးစားပေးဖြစ်သင့်သည်ဟု Dawn သတင်းစာတွင် ဖော်ပြသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြံပြုထားသည့်အတိုင်း ကလေးငယ်များ အသက် ၆ လ၊ ၁၀ လ နှင့် ၁၄ လ ရောက်တိုင်း ကာကွယ်ဆေးထိုးနှံခြင်း တိုးချဲ့ အစီအစဉ်တစ်ခုကလည်း အထောက်အပံ့ ဖြစ်စေနို်ငသည်။

ပါကစ္စတန်တွင် ခန့်မှန်းခြေအားဖြင့် နှစ်စဉ်ကလေးငယ် ၉၀,၀၀၀ ခန့် သေဆုံးနေရခြင်းသည် နမိုးနီးယားဗိုင်းရပ်စ်က ကျန်းမာသော ကလေးများထက် အာဟာရ ချို့တဲ့သော ကလေးများအပေါ် ပိုပြီး ထိခိုက်စေခြင်းကြောင့် ဖြစ်ကြောင်း ခန့်မှန်းချက်များရှိသည်။

မီးမဖွားမီနှင့် မီးဖွားပြီးနောက်ပိုင်း နှစ်များအတွင်း ကလေးငယ်များနှင့် မိခင်များအနေဖြင့် လိုအပ်သော အာဟာရ မရရှိပါက ကာကွယ်ဆေးထိုးပေးခြင်းသည်လည်း အကူအညီဖြစ်စေလိမ့်မည် မဟုတ်ဟု Dawn သတင်းစာတွင် ဖော်ပြသည်။

ထို့ပြင် မီးမဖွားမီ စနစ်တကျ စောင့်ရှောက်ဂရုစိုက်မှု မရှိခြင်းနှင့် ထုံတမ်းစဉ်လာအတိုင်း မီးဖွားမှု နည်းလမ်းများက ပြဿနာကို ပိုဆိုးစေပြီး အဓိက အကြောင်းခံ အချက်များဖြစ်လာသည်။ 

ငွေကြေးဖောင်းပွမှုနှုန်း တစ်ရှိန်ထိုးတက်လာခြင်းနှင့် မရှိမဖြစ် လိုအပ်သော စားသောက်ကုန်များ ဈေးနှုန်းမြင့်မားမှုတို့က ကလေးများနှင့် မိခင်များအကြား အာဟာရချို့တဲ့မှုကို ပိုဆိုးထားစေခဲ့ကြောင်း News International က ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly