ထိုင်ဝမ်ဌာနေတိုင်းရင်းသား လူနည်းစုများကို စည်းရုံးရေး တရုတ် ကြိုးပမ်းနေ

By Smh
06 January 2022
ထိုင်ဝမ်ဌာနေတိုင်းရင်းသား လူနည်းစုများကို စည်းရုံးရေး တရုတ် ကြိုးပမ်းနေ

ထိုင်ဝမ်နွေရာသီ၏ ကိုဗစ်-၁၉ ဖြစ်ပွားမှု အမြင့်မားဆုံးအချိန်တွင် အနီးနားရှိ မောင်လီစီရင်စု၏အုံ့ဆိုင်းနေ သော တောင်တန်းများတွင် ခိုလှုံရန် မြို့တော်မှ ရှောင်ပြေးလာသူများသည် ဒေသခံများ ကြီးကြပ်သည့် စစ်ဆေးရေးဂိတ်များမှ ပြန်လှည့်ခံရမည့် အခြေအနေနှင့် ကြုံတွေ့ခဲ့ရသည်။

ထို့ပြင် နန်ဂျွန်းမြို့နယ်ရှိ ဌာနေ အာတာရယ်လူမျိုးစုအသိုက်အဝန်း၏ မွေးရပ်မြေကို ဖြတ်သန်းသွားသည့် မတ်စောက်သော လမ်းများသို့ သွားသည့် ဝင်ပေါက်များကို ကိုဗစ် ကူးစက်ခံထားရသည်ဖြစ်စေ၊ ကူးစက်မခံထားရသည်ဖြစ်စေ ပြင်ပမှ ဝင်ရောက်လာသူများအတွက် ပိတ်ဆို့ထားသည်။

'လူတွေရဲ့ လွတ်လပ်စွာ သွားလာလှုပ်ရှားမှုကို ရပ်တန့်လို့မရဘူးလို့ အစိုးရက ပြောခဲ့ပါတယ်။ ဒါပေမဲ့ ငါတို့ မျိုးနွယ်စုကို ဥပဒေတချို့ လိုက်နာအောင် ဖိအားပေးလာရင် အသေခံပြီး တိုက်ပွဲဝင်မယ်လို့ ပြန်ပြောခဲ့တယ်။ ဒါကြောင့် သူတို့ မဝင်လာရဲကြဘူး” ဟု အာတာရယ်လူမျိုးစုမှ ဘုန်းတော်ကြီး လေဆာအေကိုက ပြောကြားခဲ့သည်။

ဘုန်းတော်ကြီးက စကား ဥပမာအဖြစ် ပြောခဲ့သော်လည်း အာတာရယ်အသိုက်အဝန်းသည် ၎င်းတို့ မြေပေါ်သို့ ကျူးကျော်ဝင်ရောက်လာသူများကို ခုခံကာကွယ်ရာတွင် ရာစုနှစ်နှင့်ချီ အလေ့အကျင့်ရှိခဲ့သည်။

အာတာရယ်မျိုးနွယ်စုသည် ထိုင်ဝမ်ရှိ အခြားတရားဝင်အသိအမှတ်ပြု ဌာနေတိုင်းရင်းသားလူမျိုး ၁၅ မျိုးတွင် ပါဝင်ပြီး ထိုင်ဝမ် လူဦးရေ ၂၃ ဒသမ ၅ သန်း၏ ၂ ဒသမ ၄ ရာခိုင်နှုန်းခန့်ရှိသည်။

အထူးသဖြင့် တရုတ်အစိုးရက ဒီမိုကရက်စီစနစ်ကျင့်သုံးသည့် ထိုင်ဝမ်ကျွန်းကို ခြိမ်းခြောက်မှုများကို အရှိန်မြှင့်လုပ်ဆောင်လာစဉ် ထိုင်ဝမ်၏ သမိုင်းဝင်ဇာတ်ကြောင်းအတွက် ၎င်းတို့၏ အရေးပါမှုကြောင့် တရုတ်က သြဇာလွှမ်းမိုးရန် ကြိုးပမ်းလာခဲ့သည်။

ကနေဒါနှင့် ဩစတြေးလျတို့၌ ပထမဆုံးနေထိုင်သည့် ဌာနေတိုင်းရင်းသားအသိုင်းအဝိုင်းများကဲ့သို့ ယင်းမျိုးနွယ် စုအရေအတွက်သည် များပြားသော်လည်း ရာစုနှစ်ပေါင်းများစွာ ခွဲခြားဆက်ဆံမှုနှင့် ကိုလိုနီပြုမှုများကြောင့် မဟာဗျူဟာကျသော အင်ဒို-ပစိဖိတ်ကျွန်းအား နယ်မြေပိုင်ဆိုင်မှုတောင်းဆိုမှုများနှင့် ပတ်သက်ပြီး ပထဝီဝင် နိုင်ငံရေးအားပြိုင်မှုများအတွက် မကြာခဏ လျစ်လျူရှုခံခဲ့ရသည်။

သြစတိုနီးရှင်းဘိုးဘွားဘီဘင်များမှ ဆင်းသက်လာသည့် လူဦးရေ ၅ သိန်းခန့်သည် လွန်ခဲ့သောနှစ်ပေါင်း ၆၀ဝ၀ ကျော်ကပင် ထိုင်ဝမ်တွင် အခြေချနေထိုင်ခဲ့ကြသောကြောင့် တရုတ်ကွန်မြူနစ်ပါတီက ထိုင်ဝမ်အား သမိုင်းဝင် ပိုင်ဆိုင်ကြောင်း တောင်းဆိုမှုများကို အရှိန်လျှော့ကျစေသည်။ 

အဆိုပါ အခြေအနေကို ကိုင်တွယ်ဖြေရှင်းရာတွင် တရုတ်အစိုးရက အာတာရယ်မျိုးနွယ်စု လူမျိုးအရာရှိများနှင့် ပညာတတ်များ အပါအဝင် ဌာနေတိုင်းရင်းသား အဖွဲ့အစည်းများမှ အဖွဲ့င်များကို ဖိတ်ခေါ်ခြင်းပြီး တရုတ်ကို လိုလားမှုများဖြစ်ပေါ် စေရေးကြိုးပမ်းသည့်အနေဖြင့် ၁၉၈၀ ပြည့်လွန်နှစ်များမှစ၍ တရုတ်ဆက်ဆံရေးကို အလေးပေးသည့် ခရီးစဉ်များဖြင့် ဆွဲဆောင်ခဲ့သည်။ 

တရုတ်၏ ဆွဲဆောင်သော ထိုးစစ်များသည် “အထူးသဖြင့် အများပြည်သူအမြင်ကို လွှမ်းမိုးမှုရှိသူများ၊ ဥပဒေပြုအမတ်များ၊ ခရိုင်ကောင်စီဝင်များနှင့် ခရိုင်မြို့တော်ဝန်များ” ၏ စိတ်နှလုံးကို သိမ်းသွင်းရန် ရည်ရွယ်ကြောင်း ဘုန်းတော်ကြီး လေဆာအေကိုက ပြောကြားခဲ့သည်။

ဆရာ ဆရာမများနှင့် တက္ကသိုလ် ပါမောက္ခများကိုလည်း ကြိုဆို ဖျော်ဖြေခဲ့ကြောင်း ၎င်းက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly