ဗီယက်နမ်က တရုတ်အပြင် အခြားပို့ကုန် ဈေးကွက်များကို တိုးချဲ့ ချိတ်ဆက်ရန် စီစဉ်နေ

ဗီယက်နမ်က တရုတ်အပြင် အခြားပို့ကုန် ဈေးကွက်များကို တိုးချဲ့ ချိတ်ဆက်ရန် စီစဉ်နေ

တရုတ်၏ တစ်ဖက်သတ် တင်းကျပ်သော ကိုဗစ်-၁၉ ကာကွယ်ရေး အစီအမံများကြောင့် စီးပွားရေး ထိခိုက်နစ်နာရသည့် ဗီယက်နမ်အနေဖြင့် ပို့ကုန်ဈေးကွက်တိုးချဲ့ရန် ပြင်ဆင်လုပ်ဆောင်လျက်ရှိသည်။

တရုတ်၏ တစ်ဖက်သတ် ဆောင်ရွက်မှုကြောင့် ကုန်တင်ကားများ နယ်စပ်ဖြတ်ကျော်ခွင့်မရပါက စီးပွားရေး လုပ်ငန်းများ ဗီယက်နမ်ငွေဒေါင်ပေါင်း ထရီလီယံနှင့်ချီ၍ ဆုံးရှုံးနိုင်သဖြင့် ဗီယက်နမ်က ပို့ကုန်ဈေးကွက်ကို တိုးချဲ့ရေးကို လုပ်ဆောင်နေကြောင်း Voice of Vietnam တွင် ရေးသားထားသည်။

ဗီယက်နမ်၏ ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဈေးကွက်နှင့် ဈေးနှုန်းသတ်မှတ်ရေးအင်စတီကျူ့၏ ဒါရိုက်တာဖြစ်သူ တွဲဘက်ပါမောက္ခ ဒေါက်တာ ငိုထရီလုံက ဗီယက်နမ်စီးပွားရေးလုပ်ငန်းများသည် ကမ္ဘာ့တန်ဖိုးကွင်းဆက်တွင် ပါဝင်ပြီး တရုတ်မှလွဲ၍ အခြားစီးပွားရေးများနှင့် ချိတ်ဆက်မှုအားကောင်းစေ၍ ပို့ကုန်ဈေးကွက်ချဲ့ထွင်ရန်မှ လွဲ၍ အခြားနည်းလမ်းမရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်၏ တင်းကျပ်သော ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး အစီအမံများကြောင့် မြောက်ပိုင်းနယ်စပ်ဂိတ် များတွင် ကုန်တင်ကား ထောင်နှင့်ချီ သောင်တင်နေသဖြင့် စီးပွားရေးလုပ်ငန်းများသည် ဈေးကွက်တစ်ခု တည်းကို အားကိုးမည့်အစား ပို့ကုန်ဈေးကွက် အမျိုးမျိုးကွဲပြားစေရန် ကျွမ်းကျင်သူများက အကြံပြုထားသည်။ 

ထို့ပြင် တရုတ်က ပိုမိုပြင်းထန်သော ကိုဗစ်-၁၉ ဘေးကင်းရေး အစီအမံများကို ထုတ်ပြန်ပြီးနောက် သစ်သီးဝ လံနှင့် အီလက်ထရွန်းနစ်ပစ္စည်းများ တင်ဆောင်သည့် ကွန်တိန်နာကားအစီးရေ ၄၀၀၀ ကျော်သည် မြောက်ပိုင်းနယ်စပ်ဂိတ်များတွင် ပိတ်မိနေကြောင်း ဗီယက်နမ်စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

မြောက်ပိုင်းအိမ်နီးချင်းတရုတ်ထံမှ စည်းမျဉ်းအသစ်များနှင့် ပတ်သက်သည့် နောက်ဆုံး ရသတင်း အချက် အလက်များကို ပေးရာတွင် ဒေသတွင်းစီးပွားရေးလုပ်ငန်းများ ကြိုတင်ပြင်ဆင်မှုမရှိသည့် အတွက်ကြောင့်လည်း ဖြစ်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

ထို့ပြင် တရုတ်သို့ တင်ပို့သော ပြည်တွင်း လယ်ယာထွက်ကုန်များသည် တရားဝင်မဟုတ်သော လမ်းကြောင်းများ ပေါ်တွင် များစွာမှီခိုနေရဆဲဖြစ်ပြီး ပြည် တွင်းကုမ္ပဏီများသည် နှစ်ရှည်စာချုပ်များ ချုပ်ဆိုကာ တရုတ်သွင်း ကုန်လုပ်ငန်းရှင်များနှင့် တန်ဖိုးကွင်းဆက်များ ချိတ်ဆက်မှုများ တိုးမြှင့်လုပ်ဆောင် သွားသင့် ကြောင်း ဗီယက်နမ်စီးပွားရေးပညာရှင် လီဒန်ဒိုက ဆိုသည်။ 

ထို့ပြင် ဗီယက်နမ်က ၎င်း၏ဈေးကွက်ကို တရုတ်နှင့် မဟုတ်ဘဲ အခြားနိုင်ငံများသို့ တိုးချဲ့ရန် ကြိုးပမ်းရာတွင် ထုတ်လုပ်မှုကို အစိုးရဌာနများက တင်းကျပ်စွာ စောင့်ကြည့်ပြီး စီးပွားရေးလုပ်ငန်းများကို အမျိုးမျိုးသော ဈေးကွက်များသို့ တက်ကြွစွာ ချိတ်ဆက်နိုင်ရန် ကူညီပေးခြင်းမရှိသေးကြောင်း Voice of Vietnam က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly