သရက်ချောင်းမြို့နယ်တွင် ပျူစောထီးဟုဆိုသူ အသတ်ခံရ

သရက်ချောင်းမြို့နယ်တွင် ပျူစောထီးဟုဆိုသူ အသတ်ခံရ

ဇန်နဝါရီ ၅

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာတွင် ယမန်နေ့က ပျူစောထီး အဖွဲ့ဝင်ဟု ဆိုသူ အမျိုးသား တစ်ဦး အသတ်ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

အသတ်ခံရသူမှာ ကိုဘီ ဆိုသူဖြစ်ပြီး ၎င်းသည် ဇန်နဝါရီလ ၄ ရက်နေ့ ညနေ ၃ နာရီ ဝန်းကျင်ခန့်တွင် စော်ဖျားရွာမှ ကျောက်လှေကားရွာသို့ သွားသည့် လမ်း၌ ဖမ်းဆီးခံရပြီးနောက် အသတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

သေဆုံးသူ ကိုဘိ သည် အသက် (၄၀) ဝန်းကျင်ဖြစ်ပြီး ပျူစောထီး အဖွဲ့ဝင်ဟု နာမည်ထွက်နေသူ ဖြစ်ကာ မည်သည့်အဖွဲ့က သတ်ခဲ့သည်ကိုမူ ထုတ်ပြန်ခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required