ပုလောမြို့နယ် PDF တပ်စိပ်မှူး တိုက်ပွဲတွင် ကျဆုံး

By ကိုရွှေမြိတ်
05 January 2022
ပုလောမြို့နယ် PDF တပ်စိပ်မှူး တိုက်ပွဲတွင် ကျဆုံး

ဇန်နဝါရီ ၅

မြိတ်ခရိုင်၊ ပုလောမြို့နယ်တွင် စစ်ကောင်စီ လက်အောက်ခံ ပျူစောထီးအဖွဲ့နှင့် ယမန်နေ့က တိုက်ပွဲ ဖြစ်ပွားရာ PDF တပ်စိပ်မှူး ရဲဘော် တစ်ဦး ကျဆုံးခဲ့ပြီး ယင်းနေ့တွင်ပင် နာရေး အခမ်းအနား ပြုလုပ်ခဲ့ကြောင်း ပြည်သူ့ ကာကွယ်ရေးတပ်-PDF (ပုလော) က သတင်း ထုတ်ပြန်သည်။

PDF တပ်စိပ်မှူး ကျဆုံးသူ ရဲဘော်ဖြူဖွေး ဖြစ်ပြီး ဈာပန အခမ်းအနားကို ဇန်နဝါရီလ ၄ ရက်နေ့ ညနေပိုင်းတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ တိုက်ပွဲတွင် အပြန်အလှန် ပစ်ခတ်မှုကြောင့် ပျူစောထီး တစ်ဦး ကျဆုံးပြီး တစ်ဦး ဒဏ်ရာရကာ လက်နက်နှင့် ကျည်အချို့ကို သိမ်းဆည်း နိုင်ခဲ့ကြောင်း ဆိုသည်။

"အပြန်အလှန် ဖြစ်တဲ့ တိုက်ပွဲမှာ ပုလောမြို့ ကဒဲကျေးရွာမှာပါ၊ တစ်ဘက် တစ်ယောက်စီ ကျဆုံးတယ်၊ ပျူစောထီးအဖွဲ့ဆီက သေနတ် တစ်လက် ကျည်ဆံ ၂၀၀ နဲ့ လက်ပစ်ဗုံး တစ်လုံး သိမ်းဆည်းရမိတယ်" ဟု ပုလော PDF တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ယင်းတိုက်ပွဲ အပြီး ကဒဲကျေးရွာရှိ နေအိမ်အချို့ကို ပျူစောထီးများ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly