တရုတ် ခါးပတ်လမ်း စီမံကိန်းများက လက်ခံနိုင်ငံ၏ သဘာဝအရင်းအမြစ်များကို ဆုံးရှုံးစေပြီး တရုတ်ကုမ္ပဏီများသာ အကျိုးအမြတ်ရနေ

တရုတ် ခါးပတ်လမ်း စီမံကိန်းများက လက်ခံနိုင်ငံ၏ သဘာဝအရင်းအမြစ်များကို ဆုံးရှုံးစေပြီး တရုတ်ကုမ္ပဏီများသာ အကျိုးအမြတ်ရနေ

တရုတ်၏ ခါးပတ်လမ်း စီမံကိန်း (BRI) သည် အသုံးစရိတ်များဖြုန်းတီးခြင်း၊ ဂေဟစနစ်ပျက်စီးခြင်း၊ ကြီးမားသော ကြွေးမြီဝန်ထုပ်ဝန်ပိုးများနှင့် သဘာဝအရင်းအမြစ်များ သို့မဟုတ် ပြည်သူများကို ဆုံးရှုံးစေပြီး ပါဝင်သည့် နိုင်ငံ၏ ခေါင်းဆောင်များနှင့် တရုတ်ကုမ္ပဏီများအတွက်သာ အမြတ်အစွန်းများရရှိစေရန် ရည်ရွယ်ထားကြောင်း InsideOver ၏ သတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။

BRI နှင့် ဆက်နွှယ်သည့် စီမံကိန်းပေါင်း ၁၈၁၄ ခုအနက် ၂၇၀ ခုတွင် ရေရှည် ကြွေးဆပ်ရမှု၊ အလုပ်သမားနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းများ၊ နိုင်ငံတော်လုံခြုံရေး၊ ပွင့်လင်း မြင်သာ မှုနှင့် လာဘ်စားမှုဆိုင်ရာ ပြဿနာများရှိကြောင်း ၂၀၁၈ ခုနှစ်က ပြုလုပ်ခဲ့သည့် လေ့လာမှုတစ်ရပ်တွင် ဖော်ပြထားသည်။

၂၀၁၇ ခုနှစ် McKinsey စစ်တမ်းတွင်လည်း အာဖရိကရှိ တရုတ်ကုမ္ပဏီများ၏ ၆၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်း သည် စာချုပ်များချုပ်ဆိုရန် လာဘ်ငွေပေးခဲ့ကြောင်း ရေးသားထားသည်။

အာဖရိကနှင့် သက်ဆိုင်သည့် နောက်ဆုံးထွက်ပေါ်လာသော Transparency International ၏ လာဘ်ပေးလာဘ်ယူမှု အညွှန်း ကိန်းတွင် တရုတ်ကုမ္ပဏီများသည် လာဘ်ပေးမှု ဒုတိယအများဆုံး ပြုလုပ်သည့် ကုမ္ပဏီများဖြစ်ကြောင်း InsideOverက အစီရင်ခံစာတွင် ဖော်ပြထားသည်။

BRI စီမံကိန်းများတွင် အဂတိလိုက်စားမှု အများအပြားသည် တူညီသောပုံစံဖြင့် ပေါ်ထွက်လာခဲ့ပြီး တရုတ်နှင့် BRI တွင် ပါဝင်သည့်နိုင်ငံကြား ပွင့်လင်းမှုမရှိသော လေလံဆွဲသည့် လုပ်ငန်းစဉ်ဖြင့် တရုတ်ကုမ္ပဏီများအား စီမံကိန်းကို လျှို့ဝှက်စွာ လက်သိပ်ထိုးပေးအပ်ခဲ့သည်။

ယေဘုယျအားဖြင့် ကိုးကားထားသောကုန်ကျစရိတ်သည် ဈေးကွက်ရှိလက်ရှိကုန်ကျစရိတ်နှင့် နှိုင်းယှဉ်ပါက အလွန်မြင့်မားနေသည်။

BRI စီမံကိန်းတွင် ပါဝင်သည့် သက်ဆိုင်ရာနိုင်ငံမှ ထိပ်တန်းခေါင်းဆောင် များသည် ကြိုတင်စီမံထားပြီးဖြစ်သည့် လေလံဆွဲခြင်းလုပ်ငန်းစဉ်မှတဆင့် တရုတ်ကုမ္ပဏီများထံ စီမံကိန်း များခွဲဝေချထားရာတွင် ပါဝင်ကြသည်။

ကနဦးအဆင့်တွင် စီမံကိန်းများသည် ဒေသခံလူထုနှင့် ပါဝင်သည့် နိုင်ငံအတွက် အလွန်အကျိုးရှိမည်ဟု ကြွေးကြော်ထားသော်လည်း အဆုံးသတ်တွင် စီမံကိန်းများက ရလဒ်ကောင်းများကို ထွက်ပေါ်စေခဲ့ခြင်းမရှိပေ။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required