တရုတ်နှင့် ဟောင်ကောင်သို့ သီရိလင်္ကာမှ ပို့ကုန် သိသိသာသာ ကျဆင်းသွား

တရုတ်နှင့် ဟောင်ကောင်သို့ သီရိလင်္ကာမှ ပို့ကုန် သိသိသာသာ ကျဆင်းသွား

သီရိလင်္ကာမှ တရုတ်နှင့် ဟောင်ကောင်သို့ တင်ပို့မှုသည် ၂၀၂၀ပြည့်နှစ်မှစတင်၍ သိသိသာသာ ကျဆင်း သွားခဲ့သည်။

လက်ဖက်ခြောက်တင်ပို့မှုအပါအဝင် သီရိလင်္ကာနိုင်ငံနှင့် တရုတ် ကုန်သွယ်မှုသည် ၂၀၂၀ပြည့်နှစ်တွင် တဖြည်းဖြည်း ကျဆင်းလာကြောင်း က Sunday Times တွင် ကပိလဘန်ဒရာက ရေးသားခဲ့သည်။

သီးခြားအားဖြင့် ကမ္ဘာ့ထိပ်တန်းကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးဝန်ဆောင်မှုစင်တာဖြစ်သည့် ချမ်းသာကြွယ်ဝ သော ဟောင်ကောင်နှင့် နှစ်နိုင်ငံကုန်သွယ်မှုသည် နည်းပါးသွားပြီး ၂၀၂၀ပြည့်နှစ်အထိ ၅နှစ်အတွင်း သိသိသာသာ ကျဆင်းသွားခဲ့သည်။

သီရိလင်္ကာမှ တရုတ်သို့ တင်ပို့မှုသည် ၂၀၁၉ ခုနှစ်တွင် ဒေါ်လာ ၂၂၉ ဒသမ ဝ၆ သန်းရှိရာမှ ၂၀၂၀ပြည့်နှစ် တွင် အမေရိကန်ဒေါ်လာ ၂၂၃ သန်းသို့ ကျဆင်းသွားပြီး ၂၀၁၈ ခုနှစ်တွင် ဒေါ်လာ ၂၃၀ ဒသမ ၅၉ သန်းမှ ကျဆင်းသွားခဲ့ခြင်းဖြစ်ကြောင်း သီရိလင်္ကာ အကောက်ခွန်၊ သီရိလင်္ကာ ဗဟိုဘဏ်နှင့် ပို့ကုန်ဖွံ့ဖြိုး တိုးတက်ရေးဘုတ်အဖွဲ့၏ အချက်အလက်များက ဖော်ပြနေကြောင်း Sunday Times က ဖော်ပြခဲ့သည်။

သီရိလင်္ကာ၏ စုစုပေါင်းကုန်သွယ်မှုတွင် အမေရိကန်က ၂၄ ဒသမ ၉ ရာခိုင်နှုန်း၊ ဗြိတိန်က ၉ ဒသမ ဝ၆ ရာခိုင်နှုန်းနှင့် ဂျာမနီက ၅ ဒသမ ၆၈ ရာခိုင်နှုန်းရှိပြီး တရုတ်က ၂၀၂၀ပြည့်နှစ်တွင် ၂ ဒသမ ၂၂ ရာခိုင်နှုန်းသာရှိခဲ့သည်။

သီရိလင်္ကာ၏ တရုတ်နှင့် အကြီးမားဆုံး ကုန်သွယ်မှု မညီမျှမှုသည် ၂၀၂၀ပြည့်နှစ်တွင် အနုတ်လက္ခဏာ ပြခဲ့ပြီး အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၅ ဘီလီယံ ရှိခဲ့သည်။ 

တရုတ်က သီရိလင်္ကာမှ တင်သွင်းသည့် ကုန်စည်တန်ဖိုး ဒေါ်လာ ၂၂၃ သန်းသာရှိပြီး တရုတ်မှ တင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၇ ဘီလီယံအထိ မြင့်တက်လာခဲ့သည်။

သီရိလင်္ကာသို့ ဟောင်ကောင်၏ ကုန်ပစ္စည်းတင်ပို့မှုသည် ၂၀၁၆ခုနှစ်မှ ၂၀၂၀ပြည့်နှစ်အတွင်း ၁၀ ဒသမ ၃ ရာခိုင်နှုန်းဖြစ်သည့် အမေရိကန်ဒေါ်လာ ၅၁၁ ဒသမ ၇သန်း မှ ၂၀၂၀ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၄၃၁ ဒသမ ၁ သန်းသို့ ကျဆင်းသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly