တရုတ်လူငယ်လုပ်သားများအကြားတွင် အသံတိတ်ပုန်ကန်မှု စတင်ဖြစ်ပွားနေ

တရုတ်လူငယ်လုပ်သားများအကြားတွင် အသံတိတ်ပုန်ကန်မှု စတင်ဖြစ်ပွားနေ

တရုတ်အစိုးရက မီဒီယာအားလုံးကို တင်းကျပ်သောထိန်းချုပ်မှုကြောင့် နိုင်ငံအတွင်းရှိ လူငယ် လုပ်သားများအကြား အသံတိတ်ပုန်ကန်မှုစတင်ဖြစ်ပွားနေသည်ကို ကမ္ဘာကသတိမပြုမိဖြစ်နေကြောင်း မီဒီယာတစ်ခုက ဖော်ပြထားသည်။

နိုင်ငံတွင်းရှိ လူငယ်လုပ်သားများအကြား အသံတိတ်ပုန်ကန်မှု၏ ကနဦးဖြစ်ပေါ်မှုကို ၂၀၂၁ခုနှစ်တွင် မြင်တွေ့ ခဲ့ရပြီး စီးပွားရေးယှဉ်ပြိုင်နိုင်စွမ်း၏ အဓိကမဏ္ဍိုင်မှာ ထင်ထားသည်ထက် အားနည်းနေကြောင်း အချက်ပြခဲ့သည်။

နိုင်ငံတစ်ဝန်းတွင် တိုင်းပြည်၏ အကြီးဆုံးကုမ္ပဏီကြီးများက ခေါင်းပုံဖြတ်ခြင်းကို ဝမ်းနည်းကြောင်းဖော်ပြသည့် အနေဖြင့် ယင်းဆန္ဒပြမှုက 'အလုပ်သမားတွေရဲ့ အသက်လည်း အရေးကြီးပါတယ်' ဟူသော လှုပ်ရှားမှုကို ၂၀၂၁ခုနှစ် သြဂုတ်လတွင် စတင်ခဲ့ကြသည်။

တရုတ်ကုမ္ပဏီများတွင် နှစ်ပေါင်းများစွာ ဆက် လက် တည်ရှိနေခဲ့သော နာမည်ဆိုးဖြင့်ကျော်ကြားသည့် ၉-၉-၆ (တစ်ရက် ၉ နာရီ -တစ်ပတ် ၆ ရက်) အလုပ်အချိန်ဇယားကို ပြည်သူများက ကန့်ကွက်နေခြင်းအား အဆိုပါ လှုပ်ရှားမှုက အဓိက ဝေဖန်ထောက်ပြ သည်။

လှုပ်ရှားမှုအတွက် အထောက်အပံ့များစွာရှိသော်လည်း ယင်းကို လူမှုမီဒီယာပေါ်တွင် ကိုးကားဖော်ပြမှုများ သည် အင်တာနက်ပေါ်တွင် ပျောက်ကွယ်သွားခဲ့သည်။

တရုတ်တွင် အလုပ်အကိုင်နှင့် ပတ်သက်ပြီး မကျေနပ်မှုများက တရုတ်လူငယ်များအနေဖြင့် မည်မျှမပျော်မရွှင် ဖြစ်နေသည်ကို ဖော်ပြနေကြောင်း Taiwan News က ဆိုသည်။

အောက််စဖို့ဒ်တက္ကသိုလ်မှ မနုဿဗေဒပညာရှင် ရှန်းပေါင်က ဈေးကွက်ပြိုင်ဆိုင်မှု တစ်ခုတည်းက ဘဝနေထိုင်မှု ပုံစံဖြစ်လာခြင်း၊ လူ့အဖွဲ့အစည်းကို စုစည်းရန် အခြေခံနည်းလမ်းတစ်ခုဖြစ် လာခြင်းနှင့် အရင်းအမြစ်များကို ခွဲဝေပေးသည့်နည်းလမ်းအဖြစ် ပါဝင်ပတ်သက်နေသည်ဟု ဖော်ပြခဲ့သည်။

အာဏာရ တရုတ်ကွန်မြူနစ်ပါတီ အစိုးရက ယင်းကိစ္စအတွက် တိုက်ရိုက် တာဝန်ရှိသည်ဟု ကျွမ်းကျင်သူ များက ယုံကြည်ကြသည်။ ရှန်းပေါင်က တရုတ်မူဝါဒများ၏ တိုက်ရိုက်ရလဒ်အဖြစ် ပါဝင်ပတ်သက်မှု ကဲ့သို့သော ယဉ်ကျေးမှုခွဲများ ရှိနေခြင်းဖြစ်ကြောင်း စောဒကတက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly