ကိုဗစ်ရောဂါ ကူးစက်မည်ကို စိုးရိမ်သောကြောင့် ဗီယက်နမ်မှ နဂါးမောက်သီး တင်သွင်းမှုကို တရုတ် ရပ်ဆိုင်း

ကိုဗစ်ရောဂါ ကူးစက်မည်ကို စိုးရိမ်သောကြောင့် ဗီယက်နမ်မှ နဂါးမောက်သီး တင်သွင်းမှုကို တရုတ် ရပ်ဆိုင်း

သွင်းကုန်လုပ်ငန်းမှ ကိုဗစ်-၁၉ ကူးစက်မှုများတွေ့ရှိပြီးနောက် ဗီယက်နမ်မှ နဂါးမောက်သီးတင်သွင်းမှုကို တရုတ်က ရက်သတ္တပတ် ၄ ပတ်ကြာ ပိတ်ပင်လိုက်သည်။

လန်ဆန်ပြည်နယ် ဟူးငီနယ်စပ်ဂိတ်မှတစ်ဆင့်တင်သွင်းမှုကို ဇန်နဝါရီ ၂၆ ရက်အထိ တားမြစ်ချက်သည် အလယ်ပိုင်း ဘင်သူအန်ပြည်နယ်နှင့် တောင်ပိုင်းလောင်အန်းပြည်နယ်တို့မှ တင်ပို့သည့် နဂါးမောက်သီးမျိုးကွဲ ၄ မျိုးအတွက် အကျုံးဝင်ကြောင်း VnExpress က ဖော်ပြခဲ့သည်။

တရုတ်အကောက်ခွန်သည် နိုဝင်ဘာ ၂၀ မှ ဒီဇင်ဘာ ၂၇ အတွင်း ကုန်စည်ပို့ဆောင်မှုအချို့တွင် ကိုရိုနာဗိုင်းရပ်ကူးစက်မှုကို တွေ့ရှိခဲ့သည်။

ဟူးငီသည် တရုတ်နိုင်ငံသို့ နဂါးမောက်သီးတင်ပို့မှုအတွက် ဒုတိယအကြီးဆုံး နယ်စပ်ဂိတ်ဖြစ်ပြီး စုစုပေါင်းတင်ပို့မှု၏ ၅ ရာခိုင်နှုန်းရှိသည်ဟု ဘင်းသူအန်ပြည်နယ် နဂါးမောက်သီးအသင်း ဥက္ကဋ္ဌဗိုဟွိုင်ဟိုအန်က ကပြောသည်။

တရုတ်နိုင်ငံသည် အစောပိုင်းက အဆိုပါပြည်နယ်ရှိ အကြီးမားဆုံးနယ်စပ်ဂိတ်ဖြစ်သော တန်သန်းမှ တစ်ဆင့်ပို့သည့် သွင်းကုန်များကိုလည်း ပိတ်ပင်ခဲ့ပြီး ၎င်းနယ်စပ်သည် နဂါးမောက်သီးအားလုံး၏ ၉၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့ကြောင်း ဟိုအန်က ပြောသည်။

တားမြစ်ချက်ကြောင့် ကွန်တိန်နာကား အစီးရေ ၄၀၀ ခန့်သည် ဗီယက်နမ်၌သစ်သီးများ ရောင်းချရန် နယ်စပ်မှ ပြန်လာခဲ့ပြီး ခန့်မှန်းခြေအားဖြင့် ၃၀ ရာခိုင်နှုန်း အရှုံးပေါ်ခဲ့ကြောင်း ဟိုအန်ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly