ပါကစ္စတန်နိုင်ငံ ဂွာဒါရှိ ကြီးမားသည့် ဆန္ဒပြမှုများ၏ နောက်ကွယ်တွင် တရုတ်၏ CPEC ရှိနေဟု အကဲခတ်လေ့လာသူ ပြော

By Zee 5
04 January 2022
ပါကစ္စတန်နိုင်ငံ ဂွာဒါရှိ ကြီးမားသည့် ဆန္ဒပြမှုများ၏ နောက်ကွယ်တွင် တရုတ်၏ CPEC ရှိနေဟု အကဲခတ်လေ့လာသူ ပြော

နှစ်နိုင်ငံအစိုးရများကို တုန်လှုပ်စေခဲ့သည့် ဂွာဒါမြို့ရှိ ကြီးမားသည့် ဆန္ဒပြမှုများက တရုတ်-ပါကစ္စတန် စီးပွားရေးစင်္ကြံ(CPEC) ကြောင့် အဓိကပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။

ဂျမက် အီ အစ္စလမ္မီ ဦးဆောင်သည့် ဂွာဒါဆန္ဒပြပွဲက ဆန္ဒပြသူများအတွက် အောင်ပွဲတစ်ခု ဖြစ်ခဲ့သည့်အကြောင်းမှာ တင်းကျပ်သည့် မီဒီယာထိန်းချုပ်မှု လုပ်ထားသော်လည်း အီမရန် ခန်း အစိုးရသည် နိုးကြားလာခဲ့ပြီး ထောင်သောင်းချီသော အမျိုးသား၊ အမျိုးသမီး ဆန္ဒပြသူများ၏ တောင်းဆိုချက်များကို နားထောင်ရန် ဆုံးဖြတ်ခဲ့ရခြင်းကြောင့် ဖြစ်ကြောင်း ပါကစ္စတန် ထိန်းချုပ်သည့် ကက်ရှ်မီးယား (PoK) မှ တက်ကြွလှုပ်ရှားသူ စာရေးဆရာ ဒေါက်တာ ရှာဘီအာ ချောက်ဟ်ရီက ၎င်း၏ ဘလော့တွင် ရေးခဲ့သည်။

တရုတ်အစိုးရ၏ ခါးပတ်လမ်းစီမံကိန်းအောက်ရှိ အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံ တန်ဖိုးရှိ တရုတ်-ပါကစ္စတန် စီးပွားရေး စင်္ကြံ၏ တစိတ်တဒေသအဖြစ် တရုတ်သည် အာရေးဘီးယန်း ပင်လယ်ရှိ ဂွာဒါဆိပ်ကမ်း ဖော်ဆောင်မှုတွင် ပါဝင်လုပ်ဆောင်ထားခဲ့သည်။

ဒေသခံ ပြည်သူ ထောင်ချီတို့၏ ဆန္ဒပြမှုများတွင် "တရားမဝင်သော ဆွဲပိုက်ချသင်္ဘောများဖြင့် ငါးဖမ်းမှု၊ မူးယစ်ဆေး ရောင်းဝယ်မှုများ တိုးပွားနေမှု နှင့် ကျန်းမာရေး၊ ပညာရေး ကဲ့သို့ အခြေခံ အထောက်အပံ့များ ကင်းမဲ့နေမှု"တို့ကို ဆန့်ကျင် ဆန္ဒပြကြခြင်း ဖြစ်သည်။

ကျော်ကြားသော ကြွေးကြော်သံများမှာ "ဂွာဒါကို ယင်း၏ အခွင့်အရေးများ ပေးပါ" နှင့် အခွင့်အရေး သို့မဟုတ် ကိုယ်ကျိုးစွန့်မှုဟု အဓိပ္ပါယ်ရသည့် "Haq Ya Shahdat" တို့ ဖြစ်ကြသည်။

ဆန္ဒပြမှုတွင် အမျိုးသမီးများနှင့် ကလေးများအပါအဝင် လူသောင်းချီပါ ပူးပေါင်းပါဝင်ခဲ့ချိန်တွင် အဆိုပါ ငြိမ်းချမ်းသော လှုပ်ရှားမှုက ကြီးမားသည့် ထောက်ခံအင်အားတစ်ခုကို ရရှိခဲ့သည်။

အစိုးရနှင့် အကြိမ်အတော်များများ ညှိနှိုင်းဆွေးနွေးပြီးနောက် အမျိုးသား၊ အမျိုးသမီး၊ လူကြီး ၊ လူငယ် တို့ ပါဝင်သော ဆန္ဒပြသူများသည် ၎င်းတို့၏ လနှင့်ချီကြာသည့် ဆန္ဒပြမှုကို ဖျက်သိမ်းအဆုံးသတ်ထားခဲ့သည်။

ဘာလိုချီစတန်သည် ပါကစ္စတန်အတွက်သာမက တရုတ်အတွက်ပါ အင်မတန် အရေးပါနေရခြင်းမှာ ယင်း၏ မဟာဗျူဟာကျ တည်ရှိမှု၊ သဘာဝ အရင်းအမြစ်များနှင့် ဂွာဒါတွင် အဆုံးသတ်သည့် CPEC တို့ကြောင့်

ဖြစ်သည်။ ထို့ပြင် CPEC အရ တရုတ်အတွက် အာရေးဘီးယန်းပင်လယ်နှင့် အိန္ဒိယ သမုဒ္ဒရာအထိ လမ်းပွင့်သွားနိုင်မည် ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly