အာဖရိက၌ တရုတ်ဆောင်ရွက်ချက်နှင့် ခါးပတ်လမ်းစီမံကိန်း၏ သရုပ်မှန်

By Inside Over
01 January 2022
အာဖရိက၌ တရုတ်ဆောင်ရွက်ချက်နှင့် ခါးပတ်လမ်းစီမံကိန်း၏ သရုပ်မှန်

၂၀၁၃ ခုနှစ်က သမ္မတရှီကျင့်ဖျင်အဆိုပြုခဲ့သည့် ခါးပတ်လမ်းစီမံကိန်း (BRI) သည် ယူရေးရှားနှင့် အာဖရိကတစ်ဝှမ်းရှိ အခြေခံအဆောက်အအုံစီမံကိန်းသစ်များနှင့်ကုန်သွယ်မှုကွန်ရက်အသစ်များကို ရန်ပုံငွေထောက်ပံ့ခြင်းနှင့်တည်ဆောက်ခြင်းတို့ကို လုပ်ဆောင်ပေးလျက်ရှိသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလအထိ နိုင်ငံပေါင်း ၁၄၀ သည် BRI အောက်သို့ဝင်ရောက်ခဲ့သည်။ ဆိပ်ကမ်းများ၊ ရထားလမ်းများ၊ လမ်းများ၊ ပိုက်လိုင်းများနှင့် ဓာတ်အားပေးစက်ရုံများ တည်ဆောက်ခြင်းကဲ့သို့သော အခြေခံအဆောက်အအုံ စီမံကိန်းများသည် ဤအစပျိုးမှု၏ အဓိကအချက်အချာဖြစ်သည်။

အထူးသဖြင့် အာဖရိကသည် BRI စီမံကိန်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု အများအပြားကို ရယူနိုင်ခဲ့သည်။

ကုန်သွယ်မှုသဘောတူညီချက်များ၊ အကျိုးအမြတ်များသော ရင်းနှီးမြုပ်နှံမှုများ၊ အကုန်အကျများသော အခြေခံအဆောက်အအုံစီမံကိန်းများနှင့် များစွာသော ကူညီထောက်ပံ့မှုများကြောင့် တရုတ်သည် အာဖရိကတိုက်၏ BRI အစီအစဉ်တွင်ပါဝင်သော နိုင်ငံများအတွက် နှစ်လိုဖွယ်ကောင်းသော မိတ်ဖက်ဖြစ်လာသည်။

သို့သော် ပဏာမခြေလှမ်းကို စတင်ပြီး ၇ နှစ်အကြာတွင် လက်ရှိအခြေအနေသည် အလွန်ကွာခြားသွားသည်။

စီမံကိန်းသည် အလဟဿအသုံးစရိတ်များ၊ ဂေဟစနစ်ပျက်စီးမှုနှင့်ကြီးမားသောကြွေးမြီဝန်ထုပ်ဝန်ပိုးများ စသည်တို့နှင့် အဓိပ္ပါယ်ဆင်တူလာသည်။

ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုမရှိခြင်း၊ သဘောတူညီချက်များ၏ နားလည်ရန်ခက်ခဲသော သဘောသဘာဝသည် သံသယများ တိုးပွားလာစေကာ ဒေသတွင်း စီမံကိန်းများစွာကို ဖျက်သိမ်းရသည့်အထိ ဖြစ်လာသည်။

၂၀၁၈ ခုနှစ်တွင် ပြုလုပ်ခဲ့သော လေ့လာမှုတစ်ခုအရ BRI နှင့် ဆက်နွှယ်သည့် စီမံကိန်းပေါင်း ၁၈၁၄ ခုတွင် ၂၇၀ သည် ကြွေးမြီရေရှည်တည်တံ့မှု၊ အလုပ်သမားနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းများ၊ အမျိုးသားလုံခြုံရေး၊ ပွင့်လင်းမြင်သာမှုနှင့် အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်သည့် ပြဿနာများ
ရှိနေကြောင်း တွေ့ရှိခဲ့သည်။ 

တရုတ်၏ စီမံခန့်ခွဲမှုလွဲချော်မှု၏ အထင်ရှားဆုံး သာဓကတစ်ခုမှာ မွန်ဘာဆာနှင့် နိုင်ရိုဘီအကြားတွင် ပြေးဆွဲနေသည့် အရှေ့အာဖရိက စီမံကိန်း နိုင်ရိုဘီ-မွမ်ဘာဆာ မီးရထားလမ်းဖြစ်သည်။ SGR (Standard Gauge Railway) ဟုခေါ်သော စီမံကိန်းသည် အုပ်ချုပ်ရေးပိုင်းမအောင်မြင်ခြင်းနှင့်အတူ ပျက်ကွက်မှုနှင့် အကျင့်ပျက်ခြစားမှုများကို ကြုံတွေ့ခဲ့ရသည်။ 

အကျင့်ပျက်ခြစားမှုအပြင် တရုတ်သည် အာဖရိကတိုက်တွင် ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့်လည်း ဝေဖန်ခံနေရသည်။

“အသက်မွေးဝမ်းကြောင်းလုပ်ငန်းဆုံးရှုံးမှု၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ချက် (EIA) နှင့် အလုပ်သမားပြဿနာ” စသည်တို့နှင့်ဆက်နွှယ်သော ပြဿနာအများစုကို ယူဂန်ဒါ၊ ကင်ညာ၊ ဇင်ဘာဘွေနှင့် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) တွင် အဓိကအားဖြင့် တွေ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly