လွတ်လပ်သောကမ္ဘာသည် တရုတ် ခြိမ်းခြောက်မှုကို ဆန့်ကျင်ရန် တပ်ပေါင်းစုတစ်ခု ဖွဲ့စည်းရန် လိုအပ်

လွတ်လပ်သောကမ္ဘာသည် တရုတ် ခြိမ်းခြောက်မှုကို ဆန့်ကျင်ရန် တပ်ပေါင်းစုတစ်ခု ဖွဲ့စည်းရန် လိုအပ်

လွတ်လပ်သောကမ္ဘာသည် တရုတ်၏ စိမ့်ဝင်မှု၊ သြဇာလွှမ်းမိုးမှုနှင့် ခြိမ်းခြောက်မှုတို့ကို ဆန့်ကျင်ရန် စည်းလုံးညီညွတ်သော တပ်ပေါင်းစုတစ်ခု ဖွဲ့စည်းရန် လိုအပ်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့ပြီး၊ ယင်းမဟာမိတ်အဖွဲ့က ရက်စက်ကြမ်းကြုတ်သောရာဇဝတ်မှုများကို ကျူးလွန်သူများအား ကန့်သတ်ပိတ်ဆို့မှုများပြုသင့်သည်ဟု ထပ်လောင်း ပြောကြားခဲ့သည်။

Washington Times ၏ အတွေးအမြင်ကဏ္ဍတွင် Citizen Power Initiatives ကို တည်ထောင်သူ ကျင်းလိ ယန်းနှင့် Hong Kong Watch ၏ ပူးတွဲတည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ် ဘန်နီဒတ်ရော်ဂျာတို့က အထူးသဖြင့် တရုတ်၏ ခြိမ်းခြောက်မှု ကြီးထွားလာချိန်တွင် ကမ္ဘာတစ်ဝန်းတွင် ဒီမိုကရေစီအတွက် နေတိုးကဲ့သို့သော စစ်ဘက်မဟုတ်သော အဖွဲ့အစည်းတစ်ခု ထူထောင် ရန် အချိန်ကျရောက်လာပြီဟု ပြောကြားခဲ့သည်။

"ဒီမိုကရေစီအတွက် ထိပ်သီးစည်းဝေးပွဲ၏ အခြေခံမူများနှင့် ဗြိတိန်၏ "လွတ်လပ်မှုကွန်ရက်" ကို အခြေခံ၍ ထိုကဲ့သို့ မဟာမိတ်ဖွဲ့ခြင်းသည် ဒီမိုကရေစီတန်ဖိုးများကို ခုခံကာကွယ်ရန် စုပေါင်းကြိုးပမ်းမှုဖြစ်လိမ့်မည်" ဟု ရေးသားထားသည်။

ဝီဂါမွတ်စလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်နေကြောင်း တရုတ်ကို စွပ်စွဲထားသည်။

ဝီဂါလူမျိုးများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု စွပ်စွဲချက်များ အပြင် မကြာသေးမီက ပေကျင်းသည် ကုလသမဂ္ဂတွင် မှတ်ပုံတင်ထားပြီး ၂၀၄၇ ခုနှစ်အထိ သက်တမ်းရှိသည့် တရုတ်- ဗြိတိန်ပူးတွဲကြေညာချက်အရ ဟောင်ကောင်၏ လွတ်လပ်မှု၊ လူ့အခွင့်အရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် တို့ကို ကာကွယ်ပေးရမည်ဆိုသည့်အချက်များကို လျင်မြန်စွာ ဖျက်သိမ်းခဲ့သည်။

ထိုသို့ပြုလုပ်ခြင်းဖြင့် နိုင်ငံတကာ စည်းမျဉ်းအခြေခံစနစ်ကို ပယ်ချခဲ့သည်။ 

လစ်သူယေးနီးယားသည် ထိုင်ဝမ်နှင့် ဆက်ဆံရေး ခိုင်မာစေရန် လုပ်ဆောင်ခြင်းကြောင့် ပေကျင်း၏ အမြင်တွင် နောက်ဆုံးကျရောက်လာသည့် နိုင်ငံဖြစ်သည်” ဟု စာရေးသူက ထောက်ပြခဲ့သည်။ 

တရုတ်ကွန်မြူနစ်ပါတီ (CCP) အစိုးရသည် တရုတ်ပြည်သူများ၊ လွတ်လပ်သောကမ္ဘာနှင့် လွတ်လပ်သော လုပ်ဆောင်ချက်များကို ခြိမ်းခြောက်လာနေသည်ဟူသော အသိအမှတ်ပြုမှုများ ကမ္ဘာတစ်ဝန်းတွင် များလာနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly