ထိုင်ဝမ် ထုတ်ပြန်သည်ထက် စစ်လေယာဉ်များ ပိုစေလွှတ်ခဲ့ကြောင်း တရုတ်ပြောကြား

ထိုင်ဝမ် ထုတ်ပြန်သည်ထက် စစ်လေယာဉ်များ ပိုစေလွှတ်ခဲ့ကြောင်း တရုတ်ပြောကြား

တရုတ်စစ်လေယာဉ်များ ကျူးကျော်မှုများနှင့် ပတ်သက်၍ ထိုင်ဝမ်၏ ပြောဆိုချက်များကို အလေးမထားဘဲ ဒီဇင်ဘာ ၃၀ရက်တွင် တရုတ်က ပြင်းထန်ရန်လိုသော လေသံဖြင့် ထိုင်ဝမ်အာဏာပိုင်များပြောထားသည်ထက် ပိုမိုများပြားသည့် ပုံမှန်လေ့ကျင့်မှုများရှိခဲ့ပြီး တိုက်လေယာဉ် ၉၄၀ ထက် ပိုမိုကျော်လွန်ပြီး စေလွှတ်ခဲ့ကြောင်း ပြောကြားလိုက်သည်။

“ထိုင်ဝမ်ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) က တရုတ်ပြည်မကြီးသည် ၂၀၂၁ခုနှစ်တွင် ထိုင်ဝမ် ကျွန်းအနီးသို့ စစ်လေယာဉ် အစင်း ၉၄၀ စေလွှတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သော်လည်း ပုံမှန်လေ့ကျင့်ရေး လေယာဉ်များ ပိုမိုစေလွှတ်ခဲ့သည်” ဟု Global Times က ဖော်ပြခဲ့သည်။

တရုတ်လေတပ် (PLAAF) မှ စစ်လေယာဉ်များသည် ၂၀၂၁ခုနှစ်တွင် ထိုင်ဝမ်၏ လေကြောင်း ကာကွယ်ရေးသတ်မှတ်ဇုန်အတွင်းသို့ ကျူးကျော်ဝင်ရောက်မှု ၉၅၀ ကြိမ်ရှိခဲ့ပြီး ၂၀၂၀ပြည့်နှစ်ထက် ၆၀ ရာခိုင်နှုန်း တိုးလာကြောင်း ထိုင်ဝမ်က ဆိုခဲ့သည်။

ထို့ပြင် တရုတ်က လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ကျူးကျော်မှုများကို အရှိန်မြှင့် လုပ်ဆောင် လာခြင်း ကြောင့် အဆိုပါကျွန်းအား ကျူးကျော်ဝင်ရောက်မှု အရေအတွက် ထပ်မံတိုးလာမည်ဟု မျှော်လင့်ထားကြောင်း ထိုင်ဝမ်မီဒီယာက ဖော်ပြခဲ့သည်။

၂၀၂၂ ခုနှစ်တွင် ထိုင်ဝမ်ရေလက်ကြား နှစ်ဘက်စလုံးတွင် အဓိက နိုင်ငံရေးဆိုင်ရာ အခြေအနေများကြောင့် တင်းမာမှုများ မြင့်တက်လာနိုင်သဖြင့် လေယာဉ်ကျူးကျော်မှု အရေအတွက်သည် ပိုမိုတိုးလာဖွယ်ရှိကြောင်း Taiwan News က ဖော်ပြခဲ့သည်။

"သတိပေးသည့်အနေဖြင့် တရုတ်က ၂၀၂၂ခုနှစ်တွင် ထိုင်ဝမ်၏ လေကြောင်းရန်ကာကွယ်ရေးသတ်မှတ်ဇုန် (ADIZ )အတွင်းသို့ စစ်တိုက်လေယာဉ်များ ထပ်မံစေလွှတ်မည်ဖြစ်သည်" ဟု အမျိုးသားမူဝါဒသုတေသနမှ ဒါရိုက်တာ ခိုယုကျန်ကို ကိုးကားပြီး Bloomberg က ဖော်ပြခဲ့သည်။

ADIZ ၏ အခြေအနေသည် "အလှည့်အပြောင်းတစ်ခု" ဖြစ်သည့်အတွက် အနီးကပ်စောင့်ကြည့်ရန် လိုအပ်မည်ဖြစ်ကြောင်း ခိုက အလေးထားပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly