တောင်တရုတ်ပင်လယ်အတွင်း စိုးရိမ်ဖွယ် အင်တာနာတိုင်များကို ဂြိုဟ်တုဓာတ်ပုံများတွင် တွေ့ရှိ

တောင်တရုတ်ပင်လယ်အတွင်း စိုးရိမ်ဖွယ် အင်တာနာတိုင်များကို ဂြိုဟ်တုဓာတ်ပုံများတွင် တွေ့ရှိ

တောင်တရုတ်ပင်လယ်၏ တစ်ဖက်တွင် ဆက်သွယ်ရေး အင်တာနာတိုင်အများအပြား ပေါ်ထွက်လာခြင်းသည် မဟာဗျူဟာကျသော နိုင်ငံတကာရေလမ်းကို စိုးမိုးမည့် တရုတ်သန္နိဋ္ဌာန်နှင့် ပတ်သက်သော နောက်ထပ်သက်သေအထောက်အထားများဖြစ်သည်။

၎င်းတို့သည် ဒေသတွင်းရှိ မည်သည့် အီလက်ထရွန်နစ် လုပ်ဆောင်ချက်ကိုမဆို စူးစမ်းရန်၊ စောင့်ကြည့်ရန်နှင့် အနှောင့်အယှက်ဖြစ်စေရန် ထားရှိသည်။ ဒရုန်းများကို ဟန့်တားနှောင့်ယှက်နိုင်သလို လမ်းကြောင်းပြ အချက်ပြများကိုလည်း မမှန်မကန်ဖြစ်စေနိုင်သည်။ အချက်အလက်ချိတ်ဆက်မှုကိုလည်း ဝင်ယူသွားနိုင်သည်။ ဆက်သွယ်မှုများကိုလည်း ဖြတ်တောက်ပြီး အဟန့်အတားဖြစ်စေနိုင်သည်။

ယင်းသို့ ပြုလုပ်ထားခြင်းကြောင့် စစ်လေယာဉ်များသည် လောင်စာဆီဖြည့်သင်္ဘောဖြစ်စေ၊ စစ်သင်္ဘောဖြစ်စေ ၎င်းတို့၏ပစ်မှတ်များကို ရှာဖွေတွေ့ရှိမည်မဟုတ်ပေ။။ ဒရုန်းများသည် ၎င်းတို့၏ပိုင်ရှင်များကိုပင် တိုက်ခိုက်လာနိုင်သည်။

အလွန်အစွမ်းထက်သော F-35 ကိုယ်ပျောက်တိုက်လေယာဉ်ကဲ့သို့ ခေတ်မီလက်နက်များ ဖန်တီးနိုင်သည့် ဒေတာမျှဝေခြင်းနှင့် ဆိုင်သော ရှုပ်ထွေးသော ကွန်ရက်ကို ချိုးဖျက်နိုင်မည်ဖြစ်သလို မည်သည့် ဒစ်ဂျစ်တယ်စက်ပစ္စည်းမဆို ချိုးဖောက်နိုင်သည်။

စပရတ်လေနှင့်ပါရာဆယ်ကျွန်းစုများရှိ တရုတ်ခံတပ်များကို ပြသထားသော ဂြိုဟ်တုဓာတ်ပုံများတွင် ဧရီယာတိုင်များနှင့် ဂြိုဟ်တုစလောင်းအများအပြား ပါရှိနေသည်။ ယခုအခါ တရုတ်သည် ဟိုင်နန်ကျွန်းပေါ်ရှိ မူမီယံ ဟုခေါ်သော မြို့အနီးတွင် အဆောက်အအုံများ လျင်မြန်စွာ တိုးချဲ့လာသည်ကို တွေ့ရသည်။

၎င်းတို့၏ အာရုံခံကိရိယာများသည် ဒေသတွင်းရှိ ရေဒါကဲ့သို့သော ထုတ်လွှင့်မှုမှန်သမျှကို ရှာဖွေ မှတ်တမ်းတင်ပြီး ခွဲခြမ်းစိတ်ဖြာနိုင်သည်။ ၎င်းတို့သည် ကြားဖြတ်ဆက်သွယ်မှုများကို ဖော်ထုတ်ရန်လည်း ကြိုးပမ်းနိုင်သလို လေလှိုင်းများပေါ်တွင် လွှဲပြောင်းပေးသည့် အချက်အလက်များကို ထိန်းချုပ်နိုင်သည်။

Mumian အဆောက်အအုံကို ၂၀၁၈ ခုနှစ်တွင် တည်ဆောက်ခဲ့သည်။ သို့သော် လတ်တလော ဂြိုဟ်တုပုံရိပ်များအရ မကြာသေးမီလများအတွင်း အရှိန်အဟုန်ဖြင့် ချဲ့ထွင်လာသည်ကို တွေ့ရှိရသည်။

အထင်ရှားဆုံးမှာ ဌာနချုပ်အသစ်များနှင့် တိုက်တန်းလျားများ ဆောက်လုပ်ခြင်း ဖြစ်သည်။ အဆောက်အအုံ တစ်ဝန်းလုံးတွင် ယာဉ်အစီးရေ ၉၀ ခန့်ကို ဖြန့်ကြက်ထားပြီး အများအပြားမှာ ကိုယ်ပိုင် အင်တာနာတိုင်များရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly