ဆော်ဒီအာရေဗျ၏ ပဲ့ထိန်းဒုံးကျည် တည်ဆောက်နေခြင်းကို တရုတ် အကူအညီပေးနေ

ဆော်ဒီအာရေဗျ၏ ပဲ့ထိန်းဒုံးကျည် တည်ဆောက်နေခြင်းကို တရုတ် အကူအညီပေးနေ

တရုတ်နို်ငငံ၏ အကူအညီဖြင့် ဆော်ဒီအာရေဗျက ကိုယ်ပိုင် ပဲ့ထိန်းဒုံးကျည်များကို စိတ်အားထက်သန်စွာ ထုတ်လုပ်နေသည်ဟု အမေရိကန် ထောက်လှမ်းရေး အေဂျင်စီများက သုံးသပ်ထားကြောင်း အမေရိကန် သတင်းမီဒီယာတစ်ခုက ဒီဇင်ဘာ ၂၄ရက်တွင် ဖော်ပြခဲ့သည်။

ဆော်ဒီအာရေဗျသည် ယခင်က တရုတ်ထံမှ ပဲ့ထိန်းဒုံးကျည်များကို ဝယ်ယူခဲ့ဖူးသော်လည်း ယခုအချိန်အထိ ကိုယ်ပိုင် ဒုံးကျည်များကို မတည်ဆောက်နိုင်သေးကြောင်း နောက်ဆုံးရ ထောက်လှမ်းရေး သတင်းရင်းမြစ် ၃ ခုကို ကိုးကား၍ CNN သတင်းဌာနက ဖော်ပြခဲ့သည်။

CNN ကရရှိသော ဂြိုဟ်တုဓာတ်ပုံများတွင် ဆော်ဒီအာရေဗျသည် ယခုအခါ အနည်းဆုံး တည်နေရာ တစ်ခုတွင် လက်နက်များထုတ်လုပ်နေသည်ဟု ဖော်ပြထားသည်။

ဆော်ဒီ၏ ပဲ့ထိန်းဒုံးကျည်ထုတ်လုပ်မှုသည် ဒေသတွင်း အာဏာချိန်ခွင်လျာများကို သိသိသာသာ ပြောင်းလဲ သွားစေနိုင်ပြီး အမေရိကန်၊ ဥရောပ၊ အစ္စရေးနှင့် ပင်လယ်ကွေ့နိုင်ငံများ၏ ဘုံရည်မှန်းချက်ဖြစ်သည့် အီရန်၏ ကိုယ်ပိုင် ဒုံးကျည်နည်းပညာကို ကန့်သတ်ချုပ်ချယ်ရန် အီရန်နှင့် နျူကလီးယား သဘောတူညီချက်၏ စည်းကမ်းချက်များကို ချဲ့ထွင်ရန် ကြိုးပမ်းမှုများကို ရှုပ်ထွေးစေခြင်း ရှိ၊မရှိနှင့် ပတ်သက်၍ ဘိုင်ဒင်အစိုးရအဖွဲ့ သည် ယခုအခါ အရေးတကြီး 
မေးခွန်းထုတ်စရာများနှင့် ရင်ဆိုင်နေရကြောင်း CNN က ဖော်ပြခဲ့သည်။ 

အမေရိကန် မီဒီယာများ၏ အဆိုအရ အီရန်နှင့် အငြိုးကြီးသည့် ရန်သူဖြစ်သော ဆော်ဒီအာရေဗျက ဒုံးကျည်များ ထုတ်လုပ်လာလျှင် အီရန်ကလည်း ယင်းလုပ်ငန်းကို ရပ်တန့်ရန် သဘောတူလိမ့်မည် မဟုတ်ပေ။

“အီရန်ရဲ့ ကြီးမားတဲ့ ပဲ့ထိန်းဒုံးကျည် အစီအစဉ်ကို သိသိသာသာ အာရုံစိုက်နေချိန်မှာ ဆော်ဒီအာရေးဗီးယားရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အခု ပဲ့ထိန်းဒုံးကျည်တွေ ထုတ်လုပ်မှုက တူညီတဲ့ စိစစ်မှုကို မရရှိခဲ့ပါဘူး” ဟု မစ်ဒယ်ဘူရီ နိုင်ငံတကာလေ့လာရေးအဖွဲ့မှ လက်နက်ကျွမ်းကျင်သူနှင့် ပါမောက္ခ ဂျက်ဖရီလူးဝစ်က CNN သို့ ပြောကြား ခဲ့သည်။

"ဒုံးကျည်ပျံ့ပွားမှုကို သံတမန်ရေးအရ ထိန်းချုပ်ရန် ကြိုးပမ်းမှုများတွင် ဆော်ဒီအာရေဗျနှင့် အစ္စရေးတို့လို ကိုယ်တိုင်ပဲ့ထိန်းဒုံကျည်ထုတ်လုပ်နေသည့် ဒေသတွင်း နိုင်ငံများက ပါဝင်ရန်လိုအပ်ကြောင်း ဆော်ဒီအာရေဗျ၏ ပြည်တွင်း၌ ပဲ့ထိန်းဒုံးကျည်များ ထုတ်လုပ်ခြင်းက ဖော်ပြနေသည်" ဟု လူးဝစ်က ပြောကြားခဲ့သည်။

နှစ်နိုင်ငံသည် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်များဖြစ်ကြပြီး စစ်ရေး ကုန်သွယ်မှု နယ်ပယ် အပါအဝင်” ကဏ္ဍအားလုံးတွင် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကို ထိန်းသိမ်းထားရှိကြောင်း၊ တရုတ်နှင့် ဆော်ဒီအာရေဗျတို့အကြား အထိခိုက်မခံသော ပဲ့ထိန်းဒုံးကျည်နည်းပညာ လွှဲပြောင်းပေးမှု ရှိ၊
မရှိ မေးမြန်းရာ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက CNN သို့ ယခုလို ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly