တရုတ်မှ တင်သွင်းမှုနှင့် မှောင်ခိုဂိုဏ်းများက ထုတ်လှုပ်မှုတိုးလာခြင်းကြောင့် မက္ကဆီကိုတွင် စိတ်ကြွဆေးများ ဖမ်းဆီးရမှု များပြားလာ

တရုတ်မှ တင်သွင်းမှုနှင့် မှောင်ခိုဂိုဏ်းများက ထုတ်လှုပ်မှုတိုးလာခြင်းကြောင့် မက္ကဆီကိုတွင် စိတ်ကြွဆေးများ ဖမ်းဆီးရမှု များပြားလာ

တရုတ်နိုင်ငံမှ တင်သွင်းမှုများနှင့် မူးယစ်ဆေးမှောင်ခိုဂိုဏ်းများက သေစေနိုင်သည့် ဓာတုနည်းဖြင့် ပြုလုပ်ထား သည့် ဆေးပြားများကို ပမာဏများစွာ ထုတ်လုပ်မှုမြင့်တက်လာခြင်းကြောင့် မက္ကဆီကိုတွင် ဖယ်တနီလ် နှင့် မက်သာမက်တမင်းစိတ်ကြွဆေးများ ဖမ်းဆီးရမိမှုများ မြင့်တက်လာသည်။

ဓာတုပစ္စည်းဖြင့် ပြုလုပ်ထားသည့် ဖန်တာနီလ် ဖမ်းဆီးရမိမှုသည် ပြီးခဲ့သည့် ၃ နှစ် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာ ၁ ရက်၊ လက်ရှိအစိုးရ အာဏာရရှိလာချိန်နှင့် နှိုင်းယှဉ်ပါက ၅၂၅ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း မက္ကဆီကို ကာကွယ် ရေး ဌာနက သိမ်းဆည်းရမိသော ကိန်းဂဏန်းများကို ဒီဇင်ဘာ ၂၀ရက်က ထုတ်ပြန်ခဲ့သည်။

၂၀၁၆ခုနှစ်မှ ၂၀၁၈ခုနှစ်အတွင်း ဖန်တာနီလ် ၅၅၉ ကီလိုဂရမ် နှင့် ၂၀၁၉ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း ၃၄၉၇ ကီလိုဂရမ်ကို သိမ်းဆည်းရမိခဲ့သည်။

ဘိန်းနှင့် ဆေးခြောက်ကဲ့သို့သော သဘာဝအတိုင်း စိုက်ပျိုးထုတ်လုပ်သည့် မူးယစ်ဆေးဝါးများဖမ်းဆီးရရှိမှု ကျဆင်းသွားခြင်းကြောင့် မက္ကဆီကို မူးယစ်ဂိုဏ်းများသည် ကြီးမားသော အပြောင်းအလဲကို ဖော်ဆောင် နေကြောင်း ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဆန်ဒိုဗယ်က အသိအမှတ်ပြု ပြောကြားခဲ့သည်။

သို့သော် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်တွင် စတင်တာဝန်ယူခဲ့သည့် လက်ရှိအစိုးရ၏ ပထမ ၃ နှစ်အတွင်းတွင် ဓာတုနည်းဖြင့် ပြုလုပ်ထားသည့် ဖန်တာနီလ် ဖမ်းဆီးရမိမှုသည် ၅၂၅ ရာခိုင်နှုန်း တိုးလာကြောင်း ၎င်းက ပြောကြားခဲ့သည်။

တစ်ချိန်တည်းတွင် မက်သာဖက်သမင်းစိတ်ကြွဆေးပြားဖမ်းဆီးရမိမှုမှာ ၂ ဆကျော် ပိုများလာသည်။ 

၂၀၁၆-၂၀၁၈ ခုနှစ်အတွင်း မက်သာဖက်သမင်းဖမ်းဆီးရမိမှုမှာ ၅၄,၅၂၁ ကီလိုဂရမ် မှ လွန်ခဲ့သည့် ၃ နှစ်အတွင်း ၁၂၄,၇၃၅ ကီလိုဂရမ် နီးပါးအထိ မြင့်တက်လာပြီး ၁၂၈ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ 

ယခုကဲ့သို့ မြင့်တက်လာသည့် အကြောင်းရင်းများတွင် တရုတ်နိုင်ငံရှိ ရာဇဝတ်ဂိုဏ်းများက မူးယစ်ဆေးပြားများ ဓာတု နည်းဖြင့် ပြုလုပ်နိုင်ခြင်း သို့မဟုတ် မက္ကဆီကို မူးယစ်ဆေးဝါးဂိုဏ်းများက အခြားမူးယစ်ဆေးများနှင့် ရောနှောထားသည့် ဆေးများကို ရရှိခြင်းကြောင့် ဖန်တာနီလ် ထုတ်လုပ်မှုပမာဏ တိုးလာခြင်းဖြစ်ကြောင်း မက္ကဆီကို အာဏာပိုင်များက ပြောကြားခဲ့သည်။ 

ပြီးခဲ့သည့် သီတင်းပတ်က မက္ကဆီကိုမှ ထရပ်ကားသမားတစ်ဦးက အမေရိကန်သို့ မက်သာဖက် တမင်းစိတ်ကြွဆေးပြား စံချိန်တင်အမြောက်အများနှင့် ဖန်တနီလ်များ ခိုးသွင်းရန် ကြိုးပမ်းစဉ် ဖမ်းဆီးခံခဲ့ရခြင်းက မက္ကဆီကိုနိုင်ငံတွင် ဓာတုဗေဒဆေးဝါးများ ထုတ်လုပ်မှုအရှိန်အဟုန်မြှင့်တက်လာသည်ကို ဖော်ပြနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly