တရုတ်က တောင်တရုတ်ပင်လယ်အတွင်း အီလက်ထရွန်နစ်နည်းပညာကို အဓိကထား၍ စစ်ရေး စွမ်းရည်တိုးမြှင့်

တရုတ်က တောင်တရုတ်ပင်လယ်အတွင်း အီလက်ထရွန်နစ်နည်းပညာကို အဓိကထား၍ စစ်ရေး စွမ်းရည်တိုးမြှင့်

တရုတ်နိုင်ငံသည် ၎င်း၏ အီလက်ထရွန်နစ်စစ်ပွဲ၊ ဆက်သွယ်ရေးနှင့် ထောက်လှမ်းရေး အချက်အလက်များ စုဆောင်းနိုင်မှုကို မြှင့်တင်ခြင်းဖြင့် တောင်တရုတ်ပင်လယ်တွင် ၎င်း၏ စစ်ရေးစွမ်းရည်ကို တိုးမြှင့်လျက် ရှိသည်။

တောင်တရုတ်ပင်လယ်အနှံ့တွင် အများအပြားထွက်ပေါ်နေသည့် အင်တာနာတိုင်များသည် မဟာဗျူဟာကျသော နိုင်ငံတကာရေလမ်းကို စိုးမိုးရန် တရုတ်၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်သော နောက်ထပ် သက်သေအထောက်အထားများဖြစ်သည်ဟုNew York Post က ဖော်ပြခဲ့သည်။

ထို့ပြင် မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးဗဟိုဌာန (CSIS) က “တရုတ်သည် တောင်တရုတ် ပင်လယ်အနီးတွင် ၎င်း၏ အီလက်ထရွန်နစ်စစ်ပွဲ၊ ဆက်သွယ်ရေးနှင့် ထောက်လှမ်းရေးအချက်အလက် စုဆောင်းနိုင်မှုစွမ်းရည်များ တိုးတက်ကောင်းမွန်လာစေရန် အဓိကခြေလှမ်းများ လှမ်းနေသည်” ဟု သတိပေးထားသည်။

ဝိုင်ယာကြိုးများဖြင့် အချင်းချင်းချိတ်ဆက်ထားသော သတ္တုတိုင်များသည် အန္တရာယ်ရှိပုံ မပေါ်ပေ။ 

ဂြိုဟ်တုစလောင်း အစုအဝေးများပင် သိပ်မထူးဆန်းတော့ပေ။ သို့သော် ၎င်းတို့နှင့် ချိတ်ဆက်ထားသောအရာကို ထည့်သွင်းစဉ်းစားရမည်ဟု New York Post တွင် ဖော်ပြထားသည်။ 

ထို့ပြင် တောင်တရုတ်ပင်လယ်ရှိ ဆူဘီနှင့် ဖီရီခရော့စ်သန္တာကျောက်တန်းများရှိ တရုတ်နိုင်ငံ၏ ကျွန်းတု ခံတပ်များတွင် ကျယ်ပြောလှသော ဆက်သွယ်ရေးနှင့်ထောက်လှမ်းရေးဆိုင်ရာစုဆောင်းရေး အဆောက်အအုံများ ရှိနေသည်ဟုCSIS အစီရင်ခံစာက ဖော်ပြသည်။ ဟိုင်နန်ကျွန်းနှင့် ပါရာဆယ် ကျွန်းများအကြားတွင် အာရုံခံတာဝါတိုင်များကွန်ရက်လည်း ရှိသည်။

၎င်းတို့သည် ဒေသတွင်းရှိ မည်သည့် အီလက်ထရွန်နစ် လှုပ်ရှားမှုကိုမဆို ထောက်လှမ်းရန်၊ စောင့်ကြည့်ရန်နှင့် ဟန့်တားနှောင့်ယှက်ရန် ထားရှိသည်။ ဆိုလိုသည်မှာ အလွန်အရေးပါသော ကိရိယာများသည် မျှော်လင့်ထားသည့်အတိုင်း လုပ်ဆောင်မည် မဟုတ်ကြောင်း' အစီရင်ခံစာက ထပ်လောင်းဖော်ပြထားသည်။

"အနာဂတ်စစ်ပွဲသည် ပေါက်ကွဲမှုများအကြောင်းသာမက တပ်များ လုပ်ဆောင်သည့် စနစ်များကို ဟန့်တားခြင်းလည်း ဖြစ်လိမ့်မည်" ဟု Brookings Institution အစီရင်ခံစာက သတိပေးထားသည်။

"မိမိတို့၏စစ်ရေးစနစ်များသည် အားနည်းချက်ရှိနေပြီး လုံခြုံမှုမရှိသောလက်နက်များနှင့် ထောက်ပံ့ရေးစနစ်များဝယ်ယူခြင်းကို ရပ်တန့်ခြင်းနှင့် စစ်ရေးအစီအမံတွင် ထိုးစစ်ဆင်သည့် ဆိုက်ဘာ တိုက်ခိုက်မှုများပေါင်းစပ်ခြင်းဖြင့် အဆိုပါအဖြစ်မှန်ကို ရင်ဆိုင်ရန် လိုအပ်သည်" ဟု အစီရင်ခံစာ တွင်ဖော်ပြထားသည်။

၎င်းသည် အီလက်ထရွန်းနစ်ရှေ့ပိုင်းစစ်မျက်နှာများစွာဆိုင်ရာ တိုက်ပွဲတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံ၏ ဗျူဟာမြောက် ပံ့ပိုးကူညီမှုတပ်ဖွဲ့မှ ပူးပေါင်းလုပ်ဆောင်သည့် နယ်ပယ်တစ်ခုဖြစ်ကြောင်း New York Post က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly