ထိုင်ဝမ် လွတ်လပ်ရေး ထောက်ခံသူများကို တရုတ်က ရာဇဝတ်မှုဖြင့် ထောင်ဒဏ် တစ်သက် ပြစ်ဒဏ် ချမှတ်မည်

By Just Earth News 23
31 December 2021
ထိုင်ဝမ် လွတ်လပ်ရေး ထောက်ခံသူများကို တရုတ်က ရာဇဝတ်မှုဖြင့် ထောင်ဒဏ် တစ်သက် ပြစ်ဒဏ် ချမှတ်မည်

ထိုင်ဝမ်လွတ်လပ်ရေးကို အားပေးထောက်ခံသည့် ထိုင်ဝမ်လိုလားသော တက်ကြွလှုပ်ရှားသူများသည် ထောင်ဒဏ် တစ်သက်ပြစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ၏ ထိုင်ဝမ်ရေးရာရုံးက နိုဝင်ဘာ ၅ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ လွတ်လပ်သောနိုင်ငံဖြစ်ကြောင်း အခိုင်အမာပြောကြားထားခဲ့သော ထိုင်ဝမ်နှင့် တရုတ်အစိုးရတို့အကြား တင်းမာနေသော ဆက်ဆံရေးသည် ပိုမို ဆိုးရွားလာစေနိုင်သည်။

ထိုင်ဝမ်ဟု အများအားဖြင့် သိကြသည့် တရုတ်သမ္မတနိုင်ငံ (ROC) သည် တရုတ်ပြည်မကြီးနှင့် ထိုင်ဝမ်ရေ လက်ကြား ခြားနေသည့် ကျွန်းငယ်လေးဖြစ်ပြီး ကမ္ဘာ့လူဦးရေ သိပ်သီးမှုအများဆုံးနိုင်ငံများတွင် ပါဝင်သည်။

ထောင်ပေါင်းများစွာသော ထိုင်ဝမ်များသည် တရုတ်ပြည်မကြီးတွင် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ အလုပ်လုပ်ကိုင်နေကြပြီး ထိုင်ဝမ်ရှိ နိုင်ငံရေးသမားအများစုသည် တရုတ်ပြည်မကြီးမှ အမြတ်အစွန်းကို အဓိကရရှိသည့် ထိုင်ဝမ်ကုမ္ပဏီများမှ ငွေကြေးအကူအညီအပေါ် မှီခိုနေကြ ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။

ထိုင်ဝမ်ပြည်မကြီးရေးရာကောင်စီက တရုတ်ပြည်မကြီး၏ ကြေညာချက်များကို ရှုတ်ချခဲ့ပြီး ထိုင်ဝမ်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်အဆင့်နှင့် ဒီမိုကရေစီအခြေအနေကို ထပ်မံပြောကြားခဲ့သည်။

ကောင်စီသည် နိုင်ငံနှင့် နိုင်ငံသားများ၏ လွတ်လပ်သော အဆင့်အတန်းနှင့် လုံခြုံရေးကို ဟန့်တားမှုများကို တန်ပြန်တုံ့ပြန်မှုများ ပြုလုပ်ရန် အချက်ပြခဲ့သည်။

ကျွမ်းကျင်သူများ၏အဆိုအရ ယင်းမူဝါဒသည် ကောင်းမွန်စွာအဓိပ္ပာယ်မသတ်မှတ်နိုင်ဘဲ ထိုင်ဝမ်လိုလားသည် ဟူသည့် အသုံးအနှုန်းကို အတိအကျဖော်ပြရန် ပျက်ကွက်ပြီး တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုအားလုံးကို လွှမ်းခြုံတားမြစ်ရန် အာဏာအလွဲသုံးစားလုပ်မှု ပြုနိုင်ခြေရှိကြောင်း ဆိုသည်။

တရုတ်နှင့် ထိုင်ဝမ်ကြား အပြန်အလှန်ပြစ်ဒဏ်ချမှတ်မှုများကြောင့် တရုတ်ပြည်မကြီးတွင် နေထိုင်သည့် ဟန်နွယ်ဖွားများအတွက်လည်း ကြားညပ်နိုင်သည်ဟု ကျွမ်းကျင်သူများက စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။

ထိုင်ဝမ်သည် ၁၉၄၉ ခုနှစ်မှစတင်၍ သီးခြားလွတ်လပ်စွာ ရပ်တည်ခဲ့သည်။ ကုလသမဂ္ဂ၏ အဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံရှိသည့်အနက် ၁၄နိုင်ငံနှင့် ထိုင်ဝမ်က တရားဝင် သံတမန်ဆက်ဆံရေးရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly