နီပေါက တရုတ်မှ ဝယ်ယူထားသည့် လေယာဉ်များအတွက် အကြွေးတင်နေ

နီပေါက တရုတ်မှ ဝယ်ယူထားသည့် လေယာဉ်များအတွက် အကြွေးတင်နေ

နီပေါက တရုတ်ထံမှ ၂၀၁၄ခုနှစ်က ဝယ်ယူခဲ့သည့် လေယာဉ်သည် အသုံးပြုရာတွင် စွမ်း ဆောင်ရည် အားနည်းချက်ကြောင့် နီပေါအတွက် အကြွေးဝန်ထုပ်ဝန်ပိုးဖြစ်သွားခဲ့ကြောင်းကြောင်းနှင့် အဆိုပါလေယာဉ်များရောင်းချမှုသည် တရုတ်ကုမ္ပဏီများအတွက်သာ အကျိုးရှိစေပြီး ဝယ်ယူသည့်နိုင်ငံအတွက် အကြွေးထောင်ချောက်ထဲတွင် သံသရာလည်နေကြောင်း ထပ်လောင်းဆိုခဲ့သည်။

၂၀၂၀ပြည့်နှစ် ဇူလိုင်လတွင် နီပေါလေကြောင်းလိုင်းသည် Xian MA60 လေယာဉ် ၂ စင်းနှင့် Harbin Y12 ၄ စင်း အပါအဝင် တရုတ်လေယာဉ်အားလုံး ပျံသန်းမှုကို ရပ်ဆိုင်းထားခဲ့ရကြောင်း HK Post သတင်းတွင် ဖော်ပြထားသည်။

တရုတ်သည် ပြုပြင်ထိန်းသိမ်းမှုစရိတ် အများအပြားလိုအပ်သည့် စံနှုန်းမမီသော စက်ကိရိယာများကို ရောင်းချနေကြောင်း သိထားကြသည်။

နီပေါလေကြောင်းလိုင်းများက လေယာဉ်ကို ပျံသန်းရန် မဖြစ်နိုင်ကြောင်း ထုတ်ပြန်ထားခြင်းကြောင့် နောက်ထပ်သတိပေးချက်မရသေးခင်အထိ ယင်းလေယာဉ်များကို ရပ်နားထားမည်ဖြစ်သည်။ 

နီပေါလေကြောင်းလိုင်းက ယင်းလေယာဉ်များကို အကြွေးဖြင့် ဝယ်ယူခဲ့ပြီးသည့်နောက်ပိုင်း အပြည့်အဝအသုံးမပြုနိုင်ခြင်းကြောင့် ငွေပေးချေရန် အခက်အခဲ ဖြစ်နေသည်။

သဘောတူညီချက်အရ နီပေါအစိုးရသည် တရုတ်ဘက်သို့ နှစ်စဉ်အတိုးနှုန်း ၁ ဒသမ ၅ ရာခိုင်နှုန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ချေးငွေစုစုပေါင်း၏ ဝ ဒသမ ၄ ရာခိုင်နှုန်းကို ဝန်ဆောင်ခနှင့် စီမံခန့်ခွဲမှုစရိတ်များ အတွက် ပေးရမည်ဖြစ်သည်။

ထို့နောက် ဝန်ကြီးဌာနက ချေးငွေထုတ်ပေးထားခြင်းအပေါ် နီပေါလေကြောင်းလိုင်းထံမှ နှစ်စဉ်အတိုးနှုန်း ၈ ရာခိုင်နှုန်း ကောက်ခံခဲ့ကြောင်း HK Post က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly