မြိုင်မြို့နယ်က လွတ်လပ်ရေးနေ့ သပိတ်စစ်ကြောင်း

မြိုင်မြို့နယ်က လွတ်လပ်ရေးနေ့ သပိတ်စစ်ကြောင်း

ဇန်နဝါရီ ၄

မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် ပြည်သူလူထုပူးပေါင်းကာ ယနေ့ ဇန်နဝါရီလ ၄ ရက်တွင် ကျရောက်သည့် ၇၄ ကြိမ်မြောက် လွတ်လပ်ရေးနေ့ မနက်ပိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြသည်။

"ကိုလိုနီနယ်ချဲ့တို့၏ ကျွန်ဘ၀ကလွတ်မြောက်ခဲ့သော်လည်း ခေတ်အဆက်ဆက် ယုတ်မာကောက်ကျစ်လာခဲ့သော အာဏာရှင်စနစ်များကြောင့် ဖျက်ဆီးခံခဲ့ရသော နိုင်ငံတော်အား အာဏာရူးစစ်အုပ်စုလက်တွင်းမှ အပြီးသတ်ပြန်လည်ရယူနိုင်ရေးအတွက် ပြည်သူလူထုအားလုံး တော်လှန်တိုက်ပွဲဝင်ကြရန် ချီတက်ဆန္ဒဖော်ထုတ်ခဲ့ကြတာပါ" ဟု ဆန္ဒပြပွဲတွင် ပါဝင်သူ တစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required