စစ်ကောင်စီ၏ NCA သတိပေးချက်အပေါ် KNU ဘယ်လို တုံ့ပြန်ထားပါသလဲ

31 December 2021
စစ်ကောင်စီ၏ NCA သတိပေးချက်အပေါ် KNU ဘယ်လို တုံ့ပြန်ထားပါသလဲ

ဒီဇင်ဘာလ ၃၁ ရက်

“ကျွန်တော်တို့ KNU ဟာ ဘယ်တော့မှ NCA ကိုမဖျက်ဆီးဘူး။ NCA မူအတိုင်းကျွန်တော်တို့ တစ်လျှောက်လုံး သိမ်မွေ့စွာနဲ့ပဲ သည်းခံစောင့်ထိန်းပြီးတော့ ကျွန်တော်တို့ လုပ်ခဲ့ပါတယ်။ သို့သော်လည်း နောက်ဆုံးမှာ စစ်တပ်က အာဏာသိမ်းပြီးတော့ အကြမ်းဖက်တဲ့နည်းလမ်းနဲ့ NCA ကို ဖျက်ဆီးလိုက်တာ သူတို့ကိုယ်တိုင်ပဲ ဖြစ်ပါတယ်” ဟု KNU ဗဟိုပြောခွင့်ရသူ ပဒိုစောတောနီးက တုံ့ပြန်သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူညီမှု စာချုပ် (NCA) ပါ စည်းကမ်းချက်များကို ဖောက်ဖျက်ကျူးလွန်သည့် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့များကို လိုအပ်သည့် အရေးယူ ဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဟု အာဏာသိမ်း စစ်ကောင်စီက ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်နှင့ ်ပတ်သက်၍ NCA လက်မှတ် ရေးထိုးထားသော တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းကြီး တစ်ခုဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ တုံ့ပြန်ချက်ကို KNU ဗဟို ပြောခွင့်ရသူ ပဒိုစောတောနီးကို မဇ္ဈိမ သတင်းထောက် နောင်နောင်က ဆက်သွယ် မေးမြန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly