သမိုင်းလမ်းဆုံတွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ က ပစ်ခတ်ရာ YBSကား ပေါ်ရှိ ခရီးသည် ၁ ဦး ကျည်ထိ ဒဏ်ရာရ

သမိုင်းလမ်းဆုံတွင် ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ က ပစ်ခတ်ရာ YBSကား ပေါ်ရှိ ခရီးသည် ၁ ဦး ကျည်ထိ ဒဏ်ရာရ

ဒီဇင်ဘာ ၃၁

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ သမိုင်းလမ်းဆုံရှိ City Mart အရှေ့တွင် ဒီဇင်ဘာလ ၃၁ ရက် နံနက် ၁၁နာရီဝန်းကျင်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်က အနီးတစ်ဝိုက်ကို ပစ်ခတ်ခဲ့ရာ YBS (၇၈)ကားပေါ်ရှိ ခရီးသည်တစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိသွားကြောင်း သိရသည်။

"ပေါက်ကွဲတာက Citymart ရှေ့နားက စစ်သားတွေရှိတဲ့ သဲအိတ်ဘန်ကာနားမှာ၊ အသံကြားပြီးတော့ အငွေ့တွေ ထွက်နေတာတော့ တွေ့တယ်။ အဲ့ဒီအချိန်က မီးကပျက်နေတော့ ကားတွေလည်း တော်တော်ပိတ်နေတာ၊ ပေါက်ကွဲမှုဖြစ်ပြီးတော့ စစ်ကောင်စီကရောက်လာပြီး ဟိုကြည့်၊ ဒီကြည့်တော့လုပ်နေတယ်"ဟု အနီး၀န်းကျင်ရှိနေသူ တစ်ဦးကပြောသည်။

အဆိုပါပေါက်ကွဲမှု အပြီးတွင် စစ်ကောင်စီတပ်ဖွဲ့က ပစ်ခက်မှုများပြုလုပ်ခဲ့ရာ YBSကားပေါ်ရှိ ခရီးသည် ကောင်လေး တစ်ဦးကို ရှပ်ထိသွားကြောင်း ကနဦး သိရှိရသည်။

ယနေ့မနက်ပိုင်းတွင် ရန်ကုန်မြို့နေရာ အနှံ့အပြားတွင်ပေါက်ကွဲမှုများ ဖြစ်ပေါ်လျက်ရှိပြီး ရန်ကုန် ရွှေပြည်သာ၊ သာကေတ၊ သမိုင်းလမ်းဆုံ၊ တောင်ဥက္ကလာပ၊ စမ်းချောင်းနှင့် သန်လျင်တို့တွင် ဗုံးများပေါက်ကွဲခဲ့ပြီး တာမွေစျေး အနီး CCTV BOX မီးရှို့ခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly